သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ဖွဲ့စည်းပုံ ခုံရုံးဆုံးဖြတ်ချက် လူထုကန့်ကွက်


တကျော့ပြန်သမ္မတ ရွေးကောက်ပွဲတွေမတိုင်ခင် ရက်ပိုင်းအလို ရှုပ်ထွေးမှုတွေဖြစ်စေတဲ့ ဆုံးဖြတ်ချက်နှစ်ရပ်ကို အီဂျစ်နိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံဆိုင်ရာခုံရုံးက ချမှတ်လိုက်ပြီးတဲ့နောက် လူထုအကြား ဒေါသထွက်ခဲ့ကြပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မကြာခင်ကျင်းပမယ့် တကျော့ပြန် သမ္မတရွေးကောက်ပွဲတွေမှာ ဝန်ကြီးချုပ်ဟောင်း Ahmed Shafiq ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အနိုင်ရအောင်လို့ ကြိုတင်လမ်းရှင်းတဲ့အနေနဲ့ သမ္မတဟောင်း ဟို့စနီမူဘာရက် အစိုးရထဲကအရာရှိတွေ အစိုးရနေရာတွေမှာ ပြန် တာဝန် မယူနိုင်အောင်တားမြစ်တဲ့ လွှတ်တော် ကပြဌာန်းထားတဲ့ ဥပဒေကို ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ခုံရုံးက ပယ်ချလိုက်တာဖြစ်ပါတယ်။

ပထမအကြိမ် ရွေးကောက်ပွဲတွေ မေလနှောင်းပိုင်း ကျင်းပရာမှာတော့ မူစလင် ညီအကိုတော်များအဖွဲ့ရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ Mohamed Morsi ပြီးရင် ဝန်ကြီးချုပ်ဟောင်းက ဒုတိယနေရာ ရခဲ့တာဖြစ်ပါတယ်။

လက်ရှိ လွှတ်တော်တခုလုံးဟာ ဖွဲ့စည်းပုံနဲ့အညီမဖြစ်ဘူး၊ လွှတ်တော်အမတ် ၃ ပုံ ၁ ပုံ လောက်ဟာ တရား မဝင် ရွေးကောက် တင်မြှောက်ခံ ထားရသူတွေဖြစ်တယ်လို့ ဆိုပြီးတော့လည်း ဒီလွှတ်တော်အမတ်တွေကို ကိုယ်စားလှယ်အဖြစ်ကနေ ပယ်ဖျက်ဖို့လည်း ခုံရုံးက ဆုံးဖြတ်ခဲ့ပါ တယ်။ တရားရုံးရဲ့ ခုလို ဆုံးဖြတ်ချက်တွေ ကို ဒေါသထွက်ခဲ့ကြသူတွေက တရားရုံးပြင်ပမှာ စုဝေးကန့်ကွက်ခဲ့ကြပြီး စစ်အစိုးရ ကျဆုံးပါစေ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။

ဒီဆုံးဖြတ်ချက်တွေက စစ်အာဏာသိမ်းမှုတွေ ပိုဖြစ်အောင် လုပ်ရာကျတယ်လို့ဆိုပြီး တချို့ အစ္စလာမ် နိုင်ငံရေး သမားတွေကလည်း ကန့်ကွက်ကြပါတယ်။ အာဏာရှင်တွေဟာ ပြုပြင်ပြောင်းလဲမှုတွေ ရပ်တန့်စေမယ့် နည်းလမ်းတွေ ရှာဖွေနေကြတယ်ဆိုတာကို ပြသနေတာပဲလို့ ဆန္ဒပြသူတဦးက ဗွီအိုအေကို ပြောပါတယ်။

XS
SM
MD
LG