သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ရုရှားတင်းမာမှု ညှိနှိုင်းဆောင်ရွက်မည်


မက္ကဆီကိုနိုင်ငံက ပစိဖိတ်ကမ်းခြေရဲ့အပန်းဖြေ လော့စ် ခေးဗို့စ် (Los Cabos) မြို့မှာ မနေ့က စတင် ကျင်း ပတဲ့ G 20 စက်မှုထွန်းကားပြီး နိုင်ငံ (၂၀) ရဲ့ ထိပ်သီးအစည်းအဝေးမှာ အိမ်ရှင်မက္ကဆီကိုရဲ့သမ္မတ ဖိလစ် ကယ်လ်ဒါရွန် (Felipe Calderon) က ပြီးခဲ့တဲ့ဧပြီလအတွင်း ဥရောပက ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေ က ကြွေးမြီပြဿနာတွေကို ဖြေရှင်းရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ရဲ့ အစီအစဉ်သစ်မှာ အမေရိကန်ဒေါ်လာ ဘီလျံ (၄၃၀) ထည့်ဝင်ကြဖို့ တက်ရောက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို နှိုးဆော် လိုက်ပါတယ်။

ဒီ G 20M အစည်းအဝေးရဲ့ ပြင်ပအစီအစဉ်အဖြစ် အမေရိကန်နဲ့ ရုရှသမ္မတနှစ်ဦးတို့ သီးသန့်တွေ့ဆုံပြီး ဆီးရီးယားအရေး၊ အီရန်နျူကလီးယားအရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေအပါအဝင် နိုင်ငံတကာအရေး များစွာ ကို ဆွေးနွေးခဲ့ကြပါတယ်။ ရုရှနဲ့ဖြစ်နေရတဲ့ တင်းမာမှုတွေဟာ ဆက်ပြီး ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ပြေ လည်အောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ သမ္မတ ဘရက်(ခ်) အိုဘားမားက ပြောဆိုခဲ့ပါတယ်။

ဆီးရီယားမှာ အကြမ်းဘက်တိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားရေး နည်းလမ်းရှာကြဖို့ သူနဲ့ရုရှ သမ္မတ ဗလာဒီမီယာ ပူတင်တို့ သဘောတူခဲ့ကြတယ်လို့ မစ္စတာအိုဘားမားက ဆိုပါတယ်။ ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး သူနဲ့ သမ္မတအိုဘားမားတို့ကြားမှာ တူညီတဲ့ ဘုံ ရှုမြင်သုံးသပ်ချက်များစွာကို တွေ့ရှိခဲ့ရတယ်လို့ သမ္မတပူတင် ကလည်း ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားကို (၁၁) နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ သမ္မတ ဘာရှာ အယ်လ် အာဆဒ်ရဲ့အစိုးရက အတိုက်အခံတွေ အပေါ် အကြမ်းဘက်နှိမ်နင်းဖြိုခွင်းနေတဲ့အတွက် အနောက်နိုင်ငံတွေနဲ့ အာရပ်အဖွဲ့ချုပ်တို့က ကုလသမဂ္ဂလုံ ခြုံရေးကောင်စီက ဆီးရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်စေလိုကြပါတယ်။ ဒါပေမဲ့လည်း ဆီးရီးယားရဲ့ ကာလရှည်ကြာ မဟာမိတ်ဖြစ်တဲ့ ရုရှက ဒီလိုဒဏ်ခတ်ရေးကို လက်မခံဘဲ ဆီးရီးယားကို အကာအကွယ်ပေးနေတာ ဖြစ်ပါတယ်။

မနေ့က သမ္မတအိုဘားမားဟာ ဂျာမန်ဝန်ကြီးချုပ် အယ်န်ဂလာမာကယ်လ်နဲ့လည်း တွေ့ဆုံခဲ့ပြီးတော့ ယူရိုငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေက ကြွေးမြီ ပြဿနာတွေ ဖြေရှင်းရေးကို ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG