သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိစ်မှာ သမားရိုးကျဝါဒီတွေဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့မည်


တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ ဥရောပရဲ့ ငွေကြေးကျားကန်မှု အစီအစဉ်ကို ထောက်ခံ တဲ့ ရှေးရိုးစွဲဝါဒီ ဂရိခေါင်းဆောင် Antonis Smamras ရဲ့ပါတီက လွှတ်တော်အမတ်နေရာအများဆုံး မဲအနိုင်ရ ရှိသွားပါတယ်။ အနိုင်ရပါတီအနေနဲ့ ညွန့်ပေါင်းအစိုးရဖွဲ့စည်းဖို့ သုံးရက်အချိန်ရပါတယ်။

New Democracy ပါတီအနေနဲ့ လွှတ်တော်နေရာ ၃၀၀ ရှိတဲ့အထဲမှာ ၁၂၉ နေရာကို အနိုင်ရရှိသွားတာဖြစ်ပြီး အဲ့ဒီအထဲက နေရာ ၅၀ ဟာ မဲအများဆုံး အနိုင်ရတဲ့ပါတီဖြစ်တဲ့အတွက်ကြောင့် အထူးနေရာ ရရှိလိုက်တာလည်း ဖြစ်ပါတယ်။

ဥရောပငွေကြေးကျားကန်မှုအစီအစဉ်ကို ဆန့်ကျင်တဲ့ လက်ဝဲယိမ်း Syriza ပါတီကတော့ လွှတ်တော်နေရာ ၇၁ နေရာနဲ့ ဒုတိယ လိုက်ခဲ့ပါတယ်။ PaSok လို့ခေါ်တဲ့ ဥရောပငွေကြေးကျားကန်မူအစီအစဉ်ကိုထောက်ခံခဲ့တဲ့ ဆိုရှယ်လစ်ပါတီကတော့ လွှတ်တော် အမတ် ၃၃ နေရာ အနိုင်ရခဲ့တာကြောင့်မို့လို့ ရှေးရိုးစွဲဝါဒီတွေ ညွန့်ပေါင်းအစိုးရအဖွဲ့ ဖွဲ့နိုင်ဖို့အရေးမှာ ကူညီပေးနိုင်တဲ့ လုံလောက်တဲ့ မဲအရေအတွက် ရရှိခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ မနေ့က မနက်စောစောပိုင်းမှာ ဥရောပတလွှား စတော့ရှယ်ယာဈေးကွက်တွေမှာ အတက် ရှိလာခဲ့ပေမယ့် ဂရိနိုင်ငံက ရွေးကောက်ပွဲရလဒ်အပြီးမှာတော့ ဈေးတွေထိုးကျသွားခဲ့ပါတယ်။ ဂရိနိုင်ငံမှာ ဥရောပငွေကြေး ကျားကန်မှုအစီအစဉ်ကို ထောက်ခံတဲ့ပါတီတွေ အနိုင်ရသွားတာကြောင့် ဂရိလိုပဲ စီးပွားရေး ချွတ်ခြုံကျနေတဲ့ စပိန်နဲ့ ပေါ်တူကီနိုင်ငံတွေမှာ ရိုက်ခတ်မှုတွေဖြစ်လာမှာကို စိုးရိမ်ပြီးတော့ ဥရောပစတော့ ရှယ်ယာဈေးတွေ ထိုးကျခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG