သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ဆိုမာလီယာလိုဖြစ်လာမှာ စိုးရိမ်


ဆီးရီးယားနိုင်ငံမှာ ကုလသမဂ္ဂရဲ့ စောင့်ကြည့်အဖွဲ့ ဆက်ပြီး ရှိသွားမယ်လို့ အဖွဲ့အကြီးအကဲ ပြောကြားသွားပြီး တဲ့နောက် မှာ နိုင်ငံအဝှမ်း မနေ့ကဖြစ်တဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၅၃ ဦးမက သေဆုံးခဲ့ကြတယ်လို့ ဆီးရီးယားအရေးလှုပ်ရှားသူတွေ က ပြောကြပါတယ်။ ဆီးရီးယားနိုင်ငံဟာ ဆိုမားလီးယားနိုင်ငံလို အာဖဂနစ္စတန်နိုင်ငံလို ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ဗြိတိန် အခြေစိုက် ဆီးရီးယား လူ့အခွင့် အရေး စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရာမီ အာဗ်ဒယ် ရာမန်က ပြောပါတယ်။

အနည်ဆုံး ဆီးရီယားစစ်သား ၂၈ ဦး၊ စစ်တပ်မှ ဘက်ပြောင်း လာသူတဦး၊ အရပ်သားနဲ့သူပုန် ၂၄ ဦး မနေ့က သေဆုံးခဲ့ ရတယ်လို့ မစ္စတာ အက်ဒယ် ရာမန်က ဆိုပါတယ်။ နိုင်ငံမြောက်ပိုင်း အလက်ပိုမြို့ ကနေ တောင်ပိုင်းက ဒါရားမြို့အရှေ့ပိုင်းက ဒီရား EZZOR မြို့နဲ့ အနောက်မြောက် ပိုင်းက လက်တား ကီ ယား ခရိုင်အထိကို တိုက်ပွဲတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေ၊ ဗုံးကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဟာမား အစ်လစ်ပ် နဲ့ ဒမစ္စကတ်ခရိုင်တွေက တိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောပါတယ်။ ဟုမ်းမြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေ ဒဏ်ရာရထားသူတွေ ကို ကယ်ထုတ်ဖို့ ပြင်ဆင်မှုတွေလုပ်နေတယ် လို့ နိုင်ငံ တကာကြက်ခြေနီအဖွဲ့ ICRC က ပြောလိုက်တဲ့ အချိန်မှာပဲ အခုလိုမျိုး နောက်ဆုံး တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာပါ။

ICRC ကနေ လူတွေကို ကယ်ထုတ်နိုင်ဖို့အတွက်နဲ့၊ အလိုအပ် ဆုံးဖြစ်တဲ့ ဆေးဝါးပစ္စည်းတွေ ယူဆောင် လာနိုင်ဖို့အတွက် တိုက်ခိုက်မှုတွေကို ရပ်တန့်ထားဖို့ တောင်းဆို တာကို နှစ်ဘက် စလုံးက သဘောတူတယ်လို့ ICRC က ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာ လူထုတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ ပို ဆိုးဝါးလာနေပြီး စောင့်ကြည့်အကဲခတ် အဖွဲ့ကို ပြန်ခေါ်ဖို့ ဆုံးဖြတ်တာ အချိန်မကျသေးဘူးလို့ ကုလစောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ က အင်္ဂါနေ့က ပြောကြားသွားပါတယ်။

XS
SM
MD
LG