သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကမ္ဘာ့ထိပ်သီးညီလာခံစတင်


သုံးရက်ကြာကျင်းပတဲ့ ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့က ရီယယ်တီ ဂျနဲရိုး Rio De Janeiro မြို့မှာ နိုင်ငံပေါင်း ၁၀၀ ကျော် က ခေါင်းဆောင်တွေ တွေ့ဆုံနေကြပါတယ်။

ရေရှည်ခံတဲ့ ဖွံံ့ဖြိုးမှု၊ တိုးတက်မှု လုပ်ငန်းစဉ်တွေနဲ့ သန်းနဲ့ထောင်ချီတဲ့ပြည်သူတွေ ဆင်းရဲတွင်းထဲက ရုန်းထွက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့သံတမန်တွေ အတည်ပြုထားတဲ့ စာတမ်းမူကြမ်းကို တက်ရောက်လာတဲ့ ခေါင်းဆောင်တွေက အပြီးသတ်ရေးဆွဲနိုင်မယ်လို့ မျော်လင့်ကြပါတယ်။

ဗုဒ္ဓဟူးနေ့က ညီလာခံဖွင့်ပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သမိုင်းဝင်သဘောတူညီချက်တွေ ချမှတ် နိုင်ဖို့ရာ အနေအထားမှာရှိနေပြီ လို့ပြောဆိုသွားခဲ့ပါတယ်။ အပြောနဲ့အလုပ်နဲ့ ညီမလားဆိုတာကိုလည်း ကမ္ဘာကြီးက စောင့်ကြည့်နေကြောင်းနဲ့ လက်ရှိအခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြဖို့ကိုလည်း ဒီညီလာခံ တက်ရောက်လာသူတွေ ကို သူက တိုက်တွန်းခဲ့ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိမယ့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ဆောင် ရွက်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ရှေ့လာမယ့် ဆယ်စုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ ရင်းနှီး မြှုပ်နှံသွားမယ့်အကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ဘဏ်နဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုးမှု ဘဏ် ခြောက်ဘဏ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

Rio Plus 20 လို့ခေါ်တဲ့ ထိပ်သီးညီလာခံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လူပ်ရှား သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် အကြီးအကဲတွေ အပါအဝင် လူ ၄၀,၀၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

XS
SM
MD
LG