သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Homs မြို့က ICRC လုပ်ငန်းများရပ်နား

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဆီးရီးယားနိုင်ငံ၊ ဟုမ်းစ်မြို့က ဒဏ်ရာရ အရပ်သားပြည်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားရာမှာ အကြမ်းဖက်မှုတွေကြောင့် ရပ်ဆိုင်းထားရတယ်လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC က ကြာသပတေးနေ့က ပြောပါတယ်။

အပြင်းအထန် ထိခိုက်ပျက်စီးနေတဲ့ Hamidiya ရပ်ကွက်ထဲကိုဝင်ဖို့ သူတို့အဖွဲ့တွေ ကြိုးစားပေမဲ့လည်း အနီးအနားမှာ ပစ်ခတ်သံတွေ ကြားခဲ့ရတာကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ICRC အဖွဲ့ ပြောခွင့်ရသူ Rabab al-Rifai က ပြောပါတယ်။ သူတို့အဖွဲ့အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အတိုက်အခံတွေ အားလုံးနဲ့ အဆက်အသွယ် ပြန်ရဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောပါတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေအနေနဲ့ Hamidiya ရပ်ကွက်ကို ပြန်သွားနိုင်ဖို့ ကြိုးစားမယ်လို့လည်း ဆိုပါတယ်။

ဟုမ်းစ်မြို့က ဒဏ်ရာရ ပြည်သူတွေနဲ့ မြို့တွင်း ပိတ်မိနေသူတွေကို အဲဒီနေရာကနေ ရွှေ့ပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ICRC က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ICRC အနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့နဲ့ လိုအပ်တဲ့ဆေးဝါး အကူအညီတွေ သယ်ပို့နိုင်ဖို့အတွက် အစိုးရနဲ့ အတိုက်အခံ အဖွဲ့တွေအကြား ယာယီ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ကြာသပတေးနေ့က အစိုးရတပ်တွေက ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယားအရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

This item is part of
XS
SM
MD
LG