သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဘိုင်းအကြမ်းဖက်တိုက်ခိုက်မှု သံသယရှိသူကို ဖမ်းဆီးရမိ

၂၀၀၈ နိုဝင်ဘာလက လူပေါင်း (၁၆၆) ဦး သေဆုံးစေခဲ့တဲ့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ အကြမ်းဘက် တိုက်ခိုက်ခံရမှုမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ မသင်္ကာရသူ အိန္ဒိယနိုင်ငံဖွား ဆာယက်ဒ် ဇာဘီဥဒင် (Sayed Zabiuddin) ခေါ် အဘူဟမ်ဇာ (Abu Hamza)ကို အရှေ့အလယ်ပိုင်းကနေ အိန္ဒိယကို ဇွန်လ (၂၁) ရက်နေ့ က ရောက်ရှိလာစဉ်မှာ ဖမ်းဆီးလိုက်နိုင်တယ်လို့ အိန္ဒိယအရာရှိတွေက ကြေညာလိုက်ပါတယ်။

ဒီအတွက် နိုင်ငံခြားရေးဝန်ကြီး အက်-စ်၊ အမ် ခရစ္စနား (S.M. Krishna)က ချီးကျူးလိုက်ပါတယ်။ အဘူဟမ်ဇာဟာ မွမ်ဘိုင်းမြို့အကြမ်းဘက်တိုက်ခိုက်မှုကို စီစဉ်ခဲ့တဲ့ ပါကစ္စတန်အခြေစိုက် လက်-ရှ်ကာအီး ထိုင်ဘာ (Lashkar-e-Taiba) အကြမ်းဘက်အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။ သူဟာ သေနတ်သမား (၁၀) ဦးကို ပါကစ္စတန်ကနေ ဖုံးနဲ့ညွှန်ကြားမှုတွေပေးပြီး ဂျူးလူမျိုးတွေ ဆုံဆည်းရာ အဆင့်မြင့်ဟော်တယ်ကြီးတွေနဲ့ လူစည်ကားတဲ့ မွမ်ဘိုင်း ရထားဘူတာရုံကြီးတို့ကို တိုက်ခိုက်ဖို့ စေခိုင်းခဲ့သူ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ သေနတ်သမား (၉) ဦး သေဆုံးခဲ့ပြီး တစ်ဦးတည်း အရှင်ဖမ်းမိသူ အက်ဂျ်မားလ် ခါဆက်ဘ် (Ajmal Khasab)ကိုလည်း လူသတ် မှု၊ အကြမ်းဘက်မှု၊ အိန္ဒိယနိုင်ငံကို လက်နက်နဲ့တိုက်ခိုက်မှုတွေနဲ့ စွဲချက် တင်ပြီး တရားရုံးကနေ သေဒဏ်ချမှတ်ထားပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် ရပ်ဆိုင်းလိုက်ရတဲ့ အိန္ဒိယနဲ့ပါကစ္စတန်တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ကိုတော့ မကြာသေးခင်က ပြန်ပြီး စတင်နိုင်ခဲ့ပါတယ်။ အခု ဖမ်းမိထားသူ အဘူဟမ်ဇာဟာ အသက် (၃၀) အရွယ် အိန္ဒိယနိုင်ငံသားဖြစ်ပြီးတော့ မဟာရပ်(ရှ်)တြာပြည်နယ် (Maharashtra State) မှာ မွေးဖွားကြီးပြင်း လာသူဖြစ်တယ်လို့ The Press Trust of India သတင်းဌာနက ဆိုပါတယ်။

This item is part of
XS
SM
MD
LG