သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ် အစိုးရသစ် စတင် ဖွဲ့စည်း

အီဂျစ်နိုင်ငံမှာ ပထမဆုံး ဒီမိုကရေစီနည်းလမ်းကျ ကျင်းပခဲ့တဲ့ အရပ်သားသမ္မတ ရွေးကောက်ပွဲ ရလဒ် ကြေညာပြီး တစ်ရက်အကြာမှာပဲ သမ္မတအသစ် ဖြစ်လာတဲ့ မိုဟာမက်မော်စီဟာ အစိုးရသစ်ကို စတင်ဖွဲ့စည်းနေပါပြီ။ ဒီအစိုးရအဖွဲ့ဟာ အားလုံးပါဝင်တဲ့ အစိုးရဖြစ်စေရမယ်လို့လည်း သူက ကတိကဝတ် ပြုထားခဲ့တာပါ။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ယခင်ဝန်ကြီးချုပ်ဟောင်း အာမက် ရှာဖစ်ကို အနိုင်ရခဲ့ပြီး တဲ့နောက်မှာပဲ မစ္စတာမော်စီဟာ ဒုတိယသမ္မတ အဆင့်တွေ တော်တော်များများပါဝင်မယ်လို့ သူကတိပေးထားတဲ့ အရပ်သား စီမံအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းဖို့ကိုပဲ အာရုံစိုက်နေတာပါ။

နိုင်ငံရဲ့နယ်ပယ်အသီးသီးနဲ့ အဲဒီဒေသမှာတွေမှာ မှီတင်းနေထိုင်ကြတဲ့ အီဂျစ်နိုင်ငံသားအားလုံးရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်းပေးနိုင်ရေး ဟာ အစ္စလာမ်မစ် သမ္မတသစ် မော်စီအတွက် အခုအချိန်မှာ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ တာဝန်တွေပါ။ အဲဒီအထဲမှာ မွတ်ဆလင်မ်ဘာသာမဟုတ်တဲ့ တခြား ဘာသာဝင်တွေနဲ့ အမျိုးသမီးတွေရဲ့ အကျိုးစီးပွားကို အခြားသူတွေ နဲ့ တန်းတူညီမျှဖြစ်အောင် အကာအကွယ်ပေးဖို့ ကိစ္စတွေလည်း ပါဝင်ပါတယ်။

အခုအချိန်မှာ သမ္မတသစ်မော်စီဟာ မွတ်ဆလင်မ် ညီကိုတော်များအဖွဲ့ နဲ့ သူတို့ရဲ့ပါတီဖြစ်တဲ့ Freedom and Justice လွတ်လပ်မှုနဲ့ တရားမျှတရေး ပါတီ ကနေ နုတ်ထွက်လိုက်ပြီးတော့၊ အခြားပါတီတွေပါဝင်တဲ့ ညီညွတ်တဲ့ အစိုးရတရပ်ဖွဲ့ဖို့ မျှော်လင့်ပါတယ်။

ဒါပေမယ့် အီဂျစ်တော်လှန်ရေးအပြီး ပထမဆုံးဖြစ်လာတဲ့ သမ္မတသစ်အနေနဲ့ အာဏာကို ဘယ်လောက် ဆုပ်ကိုင်ထားနိုင်မလဲဆိုတာကတော့ မေးခွန်းထုတ်စရာဖြစ်နေပါသေးတယ်။ ဒီလကုန်ပိုင်းမှာ သမ္မတအသစ်ကို အာဏာလွှဲပြောင်းပေးမယ်လို့ ကတိတွေပေးထားပေမယ့်လည်း လက်ရှိ အုပ်ချုပ်နေတဲ့ အီဂျစ်စစ်ကောင်စီ ကတော့ သမ္မတရဲ့အာဏာကို ဆက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ နောက်ထပ်ခြေလှမ်းတွေ လှမ်းထားပြီးနေတာ လည်း ဖြစ်ပါတယ်ခင်ဗျာ။

This item is part of
XS
SM
MD
LG