သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတိုက်လေယာဉ် ပစ်ချမှု ဆီးရီးယားကို NATO ရှုတ်ချ

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ တူရကီနိုင်ငံရဲ့ ဂျက်တိုက်လေယာဉ်ကို ဆီးရီးယားက ပစ်ချခဲ့တာကြောင့် ပျက်ကျပြီး နစ်မြုတ်ခဲ့ရတာကို နေတိုး NATO အဖွဲ့ကြီးက တုံ့ပြန်ဖို့ စဉ်းစားနေပါပြီ။ တူရကီရဲ့ တိုက် လေယာဉ် ဟာ နိုင်ငံတကာ လေကြောင်း ပိုင်နက်ထဲမှာ ပျံသန်းနေတုန်း ခုလို အတိုက်အခိုက် ခံခဲ့ရတဲ့ နောက်ပိုင်း ဘရပ်ဆဲလ်မှာ အစည်းအဝေး ခေါ်ယူဖို့အတွက် တူရကီဘက်က ပန်ကြားခဲ့တာပါ။ ဆီးရီးယားကတော့ ဒါဟာ ကိုယ့်နိုင်ငံကို ကိုယ် ခုခံကာကွယ်ဖို့ အတွက် လုပ်ဆောင်ရင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတခုလို့ ဆိုပါတယ်။

တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan က ဒီကနေ့ လွှတ်တော်မှာ တူရကီနိုင်ငံဘက်က တုံ့ပြန်မယ့် အစီအစဉ်အသေးစိတ်ကို ပြောလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ တူရကီ ဒုတိယဝန်ကြီးချုပ် Bulent Arinc ကတော့ ဒီလို ဂျက်တိုက်လေယာဉ် အပစ်ချ ခံခဲ့ရတာနဲ့ ပတ်သက်ပြီး တူရကီ ဘက်က စစ်ပွဲ ဆင်နွှဲဖို့ မလုပ်ချင်ပေမဲ့ နိုင်ငံတကာ ဥပဒေအရ လက်တုံ့ပြန်နိုင်ခွင့် ရှိနေတယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး NATO အဖွဲ့ကို တူရကီက တိုင်ကြားခဲ့သလို ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ကို ခြိမ်းခြောက်နေတယ်ဆိုတာ ပြနေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို သောကြာ နေ့က စာပေးပို့ခဲ့ပြီး ရှုတ်ချ ပြစ်တင်ခဲ့ပါတယ်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ ဒု ခေါင်းဆောင် နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းအဖွဲ့ အကြီးအကဲတို့ရဲ့ ဆီးရီးယား ပြဿနာ တင်ပြချက်တွေကို ဒီကနေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြားနာဖို့ ရှိပါတယ်။

This item is part of
XS
SM
MD
LG