သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်မကြီး IRA ခေါင်းဆောင်ဟောင်းကို လက်ဆွဲနှုတ်ဆက်

ဗြိတိသျှ အဲလစ်ဇ်ဘက်ဘုရင်မကြီးဟာ ဆယ်စုနှစ်တွေနဲ့ ချီပြီး မြောက်ပိုင်းအိုင်ယာလန်ကို ဗြိတိသျှ လက်အောက်ခံ အဖြစ်ကနေ ခွဲထွက်ရေးအတွက် သွေးထွက်သံယို တိုက်ပွဲဝင်ခဲ့တဲ့ ခွဲထွက်ရေးအဖွဲ့ ရဲ့ ခေါင်းဆောင်ဟောင်းဖြစ်သူနဲ့ သမိုင်း တွင်စေမယ့် လက်ဆွဲ နှုတ်ဆက်မှုပြုလုပ်ခဲ့ပါတယ်။

ဘုရင်မကြီးနဲ့ Irish Republican Army ခေါင်းဆောင်ဟောင်း Martin McGuinness တို့ဟာ ဗုဒ္ဓဟူးနေ့က ဘဲလ်ဖတ်စ် မြို့မှာကျင်းပတဲ့ သီးသန့် လူမှုရေးအခမ်းနားတခုအတွင်းမှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြတာပါ။ Martin McGuinness ဟာ နောက်ပိုင်းမှာ မြောက်ပိုင်း အိုင်ယာလန်နိုင်ငံဆိုင်ရာ ဒုတိယ တာဝန်ခံဝန်ကြီး တဦးဖြစ်လာခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ လက်ဆွဲနှုတ်ဆက်မှုဟာ ကက်သလစ်ဘာသာ လက်ခံတဲ့ IRA အဖွဲ့ကနေ Protestant ခရစ်ယန် ဗြိတိသျှ စစ်တပ်ကို နှစ်ပေါင်း ၃၀ ကြာပုန်ကန်တိုက်ခိုက်ခဲ့မှု အဆုံးသတ်ခဲ့တဲ့ ၁၉၉၈ Good Friday ငြိမ်းချမ်းရေး သဘောတူညီမှုရဲ့ ဝိသေသ အမှတ်အသားတခု ဖြစ်ပါတယ်။

ပုန်ကန်တိုက်ခိုက်ခဲ့တဲ့ ကာလအတွင်း လူပေါင်း ၃,၅၀၀ ကျော် သေဆုံးခဲ့ပြီး အဲလဇ်ဘက်ဘုရင်မကြီးရဲ့ ဝမ်းကွဲ အကိုတော်သူ ဒုတိယကမ္ဘာစစ် သူရဲကောင်း စစ်သူကြီး လော့မောင့်ဘက်တန်လည်း ပါဝင်သွားခဲ့ပါ တယ်။ မောင့်ဘက်တန်ဟာ သူ့ရဲ့သင်္ဘောကို IRA ရဲ့ ဗုံးထောင် လုပ်ကြံမှုကြောင့် ၁၉၇၉ ခုနှစ်မှာ ကွယ်လွန် သွားတာပါ။

IRA အဖွဲ့ နိုင်ငံရေးလက်ရုံးဖြစ်တဲ့ Sinn Fein က မြောက်ပိုင်း အိုင်ယာလန်ကို ဗြိတိသျှရဲ့ အုပ်ချုပ်နေမှုကို ဆက်လက် ဆန့်ကျင်နေပါတယ်။

ဗြိတိသျှဘုရင်မကြီး အဲလဇ်ဘက်နဲ့ ကြင်ယာတော် ဖိလစ် မင်းသားကြီးတို့ဟာ ဘုရင်မကြီးရဲ့ ထီးနန်းသက် နှစ် ၆၀ ပြည့် အထိမ်းအမှတ် အနေနဲ့ မြောက်အိုင်ယာလန်နိုင်ငံ ကို ၂ ရက်ကြာ လည်ပတ်ဖို့အတွက် အင်္ဂါနေ့မှာ ရောက်သွားခဲ့တာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG