သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရဟတ်ယာဉ်ပစ္စည်း တရုတ်ကို ရောင်းတဲ့ကုမ္ပဏီ တရားစွဲခံရ

စစ်ဘက်တိုက်ခိုက်ရေးရဟတ်ယာဉ် တည်ဆောက်နိုင်တဲ့ စက်ပစ္စည်းတွေ တရုတ်နိုင်ငံဆီ ရောင်းချခဲ့တယ် ဆိုတဲ့ ပြစ်မှုဆိုင်ရာ စွဲချက်တွေအတွက် အမေရိကန် ကာကွယ်ရေးဆိုင်ရာ ပုဂ္ဂလိက ကန်ထရိုက်တာ United Technologies Corporation UTC ရဲ့ လုပ်ငန်းခွဲတခုက အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ Z-10 တိုက်ခိုက်ရေးရဟတ်ယာဉ် တည်ဆောက်ဖို့အတွက် စက်ပစ္စည်းတွေကို UTC ရဲ့ ကနေဒါအခြေစိုက် လုပ်ငန်းခွဲ Pratt & Whitney Canada က ရောင်းခဲ့တယ်ဆိုပြီးတော့ အမေရိကန် တရားရေးဌာနက စွဲချက်တင်ခဲ့တာပါ။ အဲဒီ လို ရောင်းတာဟာ အမေရိကန် လက်နက်တင်ပို့ရောင်းချမှု ထိန်းချုပ်ခြင်းဆိုင်ရာဥပဒေကို ချိုးဖောက်တယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရကို ပေးဆောင်ရမယ့် ဒဏ်ကြေးငွေ တစိတ်တပိုင်း အမေရိကန်ဒေါ်လာ ၇၅ သန်း ကို ပေးဆောင်ဖို့ UTC ကုမ္ပဏီ၊ သူ့ရဲ့ အမေရိကန်အခြေစိုက်လုပ်ငန်းခွဲ Hamilton Sundstrand Corporation နဲ့ Pratt & Whitney Canada ကုမ္ပဏီတို့က သဘောတူထားပါတယ်။

ဒဏ်ကြေးငွေတစိတ်တပိုင်းဟာ အမေရိကန်တာဝန်ရှိသူတွေကို မှားယွင်းတဲ့ ထွက်ဆိုချက်တွေ ပြော ခဲ့လို့ ပေးဆောင်ရတာပါ။ တရုတ်တို့အနေနဲ့ အရပ်ဘက်ရဟတ်ယာဉ် တည်ဆောက်နိုင်အောင် သူတို့က လုပ်ပေးခဲ့တာလို့ ထင်ခဲ့ကြောင်း ကန်ထရိုက်တာ ကုမ္ပဏီတွေက ပြောပါတယ်။

၁၉၈၉ ခုနှစ်က Tiananmen ရင်ပြင်မှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို တရုတ်အစိုးရက အကြမ်းဖက်နှိမ်နင်းလို့ သေဆုံးခဲ့ကြရပြီးကတည်းက စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာတွေ တရုတ်နိုင်ငံဆီ မရောင်းချဖို့ အမေရိကန်က ပိတ်ပင် ကန့်သတ်ထားပါတယ်။

This item is part of
XS
SM
MD
LG