သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရေကြီးမှု လူသေ ရွာပျက်


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မုတ်သုန်မိုးအပြင်းအထန်ရွာပြီး ရေကြီးတဲ့အတွက် လူ ၂၇ ယောက်ထက် မနည်း သေဆုံးခဲ့ပြီ ဖြစ်ပြီး ရာပေါင်းများစွာသောလူတွေ အိုးအိမ်စွန့်ပြီး ထွက်ပြေးခဲ့ကြရပါတယ်။

အာသန်ပြည်နယ်က ရွာပေါင်း ၂,၀၀၀ လောက် ရေနစ်မြုပ်နေတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ အဲဒီပြည်နယ်မှာ ရက်ပေါင်းများစွာ မိုးအပြင်းအထန်ရွာခဲ့ပြီးတဲ့နောက် မြေပြိုကျတာတွေ၊ ရေကြီး တာတွေ ဖြစ်ခဲ့တာပါ။

ဒေသတွင်းက အဓိကမြစ်ကြီး အတော်များများမှာ မြစ်ရေလျှံတက်နေတဲ့အတွက် အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့ ရွာသားတွေ ဟာ ကုန်းမြင့်တွေနဲ့ ရွက်ဖျင်တဲတွေမှာ နေထိုင်နေကြရပါတယ်။

တချို့ဒေသတွေမှာ ကူညီထောက်ပံ့ရေးပစ္စည်းတွေ အရမ်းကိုနည်းနေတယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။ ကယ်ဆယ်ရေး လုပ်သားတွေဟာ ခြောက်သွေ့မြေကွက်လေးတွေမှာ ရောက်နေတဲ့ တချို့ရွာသားတွေအတွက် စားနပ်ရိက္ခာထုပ်တွေကို ပစ်ချ ပေးခဲ့ကြရပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း မကြာသေးခင်ရက်တွေအတွင်းက မြေပြိုတာ၊ ရေကြီးတာတွေဖြစ်ခဲ့ တာကြောင့် လူ အယောက် ၁၁၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG