သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အကြမ်းဖက်မှု လူ ၃၀ ကို ဖမ်းဆီး


ရခိုင်ပြည်နယ်မှာ အကြမ်းဖက် အဓိကရုဏ်းတွေကို ပျံ့နှံ့ဖြစ်ပွားစေခဲ့တဲ့ တောင်ကုတ်မြို့ လူ ၁၀ ယောက် သတ်ဖြတ်မှုနဲ့ ဆက်နွယ်နေသူ အယောက် ၃၀ ကို ရဲက ဖမ်းဆီးလိုက်ပါတယ်။ မသင်္ကာသူအယောက် ၃၀ ကို တရားဥပဒေနဲ့ အညီအရေးယူသွားမယ်လို့ အစိုးရထုတ်သတင်းစာတွေထဲမှာ ဖော်ပြထားပါတယ်။

ရမ်းဗြဲမြို့က မသီတာထွေး အသတ်ခံရမှု၊ ရိုးမသစ္စာယာဉ်ပေါ်မှာ ပါလာသူ ၁၀ ယောက် တောင်ကုတ်မြို့မှာ အသတ်ခံရမှုတွေအတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့က ဂျွန်လ ၇ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲ စတဲ့ မြို့တွေမှာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ခုလို မသင်္ကာသူ အယောက် ၃၀ ကိုဖမ်းဆီးခဲ့တယ်လို့ အစိုးရက ပြောပါတယ်။ မသီတာထွေးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူ သုံးယောက်ကိုတော့ ကျောက်ဖြူခရိုင်တရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၇၈ ယောက်သေဆုံးပြီး ၅ သောင်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG