သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်ပေးတဲ့အပေါ် ကင်တားနား ကြို


မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတဦးက ကြိုဆိုလိုက်ပြီး ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အားလုံးကိုလည်း လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးဆီ ရှေ့ရှုပြီး အစိုးရက လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်နဲ့ တဆင့်ချင်း လုပ်ဆောင်မှုတွေ ကြောင့် အားတက်မိပါတယ်” - လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ရဲ့ ဇူလိုင်လ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။

“ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်းနဲ့ စနစ်တကျ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ထပ်ပြီး တောင်းဆိုပါတယ်”- လို့ မစ္စတာကင်တားနားက ပြောပါတယ်။

မြန်မာအစိုးရက ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အကျဉ်းသား ၄၆ ဦးကို လွှွတ်ပေးခဲ့တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ပါဝင်ခဲ့ တာပါ။

ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့မှတ်တမ်းကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက် ပြည့်စုံတဲ့ စုံစမ်း စစ်ဆေးမှုတခု လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း မစ္စတာကင်တားနားက အလေးအနက်ပြောထားပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေ စုဆောင်းတဲ့နေရာမှာ သက်ဆိုင်သူအားလုံးနဲ့ အကြံယူ ညှိနှိုင်းဆောင်ရွက်ဖို့လည်း မစ္စတာကင်တားနား က မြန်မာ အစိုးရကို တောင်းဆိုထားပါတယ်။

XS
SM
MD
LG