သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား စားနပ်ရိက္ခာအခြေအနေ ဆိုးရွား


မြောက်ကိုရီးယားနိုင်ငံရဲ့ စားနပ်ရိက္ခာအခြေအနေကို ရှားရှားပါးပါးကြည့်ခွင့်ရလိုက်တဲ့ ဒိန်းမတ်အခြေစိုက် အကူအညီပေးအဖွဲ့ တဖွဲ့က အခြေအနေတွေဟာ ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ ပြောလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံ၊ တောင်ပိုင်း Hwanhae ပြည်နယ်က Haeju မြို့မှာ စာနပ်ရိက္ခာပို့ဆောင်ပေးခဲ့စဉ် ပြီးခဲ့တဲ့သီတင်းပတ်က ကြီးကြပ်ပေးခဲ့ပြီး အဲဒီလောက် ဆိုးဝါးတဲ့ အာဟာရမပြည့်ဝတဲ့ အခြေအနေမျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးဘူးလို့ Mission ဆိုတဲ့အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Kim Hartzner က ဗွီအိုအေ ကိုရီးယားဘာသာစကားဌာနကို ပြောခဲ့ပါတယ်။

နေရာတခုမှာ သူတွေ့ခဲ့ရတဲ့ ကလေးငယ် ၂၁၈ ယောက်ဟာ စားရေရိက္ခာအကူအညီတွေကိုသာ မရဘူးဆိုရင်တော့ သေကုန်ကြလိမ့်မယ်လို့ သူကပြောပါတယ်။

မြောက်ကိုရီးယားက သူရောက်ခဲ့တဲ့နေရာမှာ ဘယ်လို ဆည်မြောင်းစနစ်မျိုးကိုမှ မတွေ့ခဲ့ရဘူးလို့ မစ္စတာဟာ့တ်ဇ်နာက ပြောပါ တယ်။ ရေပုံးတွေနဲ့ လူတန်းရှည်ကြီးဟာ မြစ်ထဲကနေ ရေခပ်ပြီး အနားကပြောင်းခင်းတွေကို ရေလောင်းကြရတယ်လို့ သူက ဆိုပါတယ်။

သူသွားခဲ့တဲ့နေရာအများစုမှာ ဆန်တွေ ရနေတုန်းပဲဖြစ်ပေမဲ့ တချို့နေရာတွေမှာတော့ ဆန်မရှိတော့ဘူးလို့ Kim Hartzner ကပြောပါတယ်။

XS
SM
MD
LG