သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလင်တန်ခရီးစဉ်အတွင်း စစ်ရေးထက် စီးပွားရေးဦးစားပေးဖို့ မျှော်လင့်


အရှေ့တောင်အာရှဒေသကို ဒီသီတင်းပတ်မှာ ခရီးလှည့်လည်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ စစ်ရေးထက် စီးပွားရေးကို ပိုပြီး အာရုံစိုက်ပြောဆိုလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ကမ္ဘာမှာ အလျှင်မြန်ဆုံးနှုန်းနဲ့ စီးပွားရေးဖွံ့ဖြိုးနေတဲ့ နိုင်ငံတချို့တည်ရှိတဲ့ အရှေ့တောင်အာရှဒေသနဲ့ အမေရိကန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်၊ အမေရိကန်ရဲ့ကုန်ပစ္စည်းတွေ ပိုပြီးတင်ဖို့နိုင်ဖို့ ရည်ရွယ်ပြီး အဆိုပြုတာတွေ ကို ကြေညာဖို့အတွက် အင်္ဂါနေ့မှာ ဗီယက်နမ်ကို ရောက်လာတဲ့ မစ္စက် ကလင်တန်က စီစဉ်ထားပါတယ်။

ဒီကနေ့ ကျင်းပမယ့် ASEAN ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကျရင် မြန်မာနိုင်ငံရဲ့ အရေး၊ မြောက် ကိုရီးယားအရေး၊ ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး၊ တောင်တရုတ်ပယ်အရေးကိစ္စနဲ့ အင်တာနက် လုံခြုံရးတို့နဲ့ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ ဟနွိုင်းမြို့မှာ ဇူလိုင်လ (၁၀) ရက်၊ အင်္ဂါနေ့ရကပဲ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တယ်လို့ ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောကြားသွားပါတယ်။

ဒါပေမဲ့ ဒီဒေသမှာ အမေရိကန်က စီးပွားရေးလုပ်ငန်းတွေ ပိုပြီး တိုးချဲ့လုပ်လာတဲ့အပေါ် စိန်ခေါ်မှုတရပ် အဖြစ် တရုတ်က ရှုမြင်မှာဖြစ်ပါတယ်။ အခုတောင် အမေရိကန်သမ္မတ အိုဘားမားအစိုးရရဲ့ ပစိဖိတ်ဒေသကို မဟာဗျူဟာ အာရုံစိုက်လုပ်ဆောင်လာတာကို စိုးရိမ်တဲ့ပုံမျိုး တရုတ်ဘက် က ပြောနေပါပြီ။

ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ကျင်းပမယ့် ARF ထိပ်သီးဆွေးနွေးပွဲမှာတော့ မစ္စက် ကလင်တန်က အမေရိကန်နဲ့တရုတ်ကြား ရှိထားတဲ့မပြေလည်မှုကို မထုတ်ဖော်ဘဲနဲ့ အမေရိကန်အစိုးရက တရုတ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုတာကိုပဲ အသားပေး ပြောလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ပါတယ်။

XS
SM
MD
LG