သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားကျွန်းအနီး တရုတ်ချဉ်းကပ်မှု ဂျပန်ကန့်ကွက်


တရုတ်နိုင်ငံကင်းလှည့် ရေတပ်သင်္ဘောသုံးစီးဟာ အရှေ့ တရုတ်ပင်လယ်အတွင်း အငြင်းပွားနေတဲ့ ကျွန်းစု အနီးကို ချဉ်းကပ်လာတဲ့အတွက် ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

ဂျပန်အစိုးရအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်သူ အိုစံမူ ဖူဂျီ မူရာက အဲဒီကျွန်းစုဟာ ဂျပန်ရေပိုင်နက်အတွင်းမှာ ရှိတာဖြစ်တယ်လို့ သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံကလည်း ဒီကျွန်းစုကို သူတို့ပိုင်ဆိုင်တယ်ဆိုပြီးတော့ ပြောထားပြီး သူ့နိုင်ငံက သင်္ဘောသုံးစီးဟာ အရှေ့တရုတ်ပင်လယ်အတွင်းမှာ ငါးဖမ်းသင်္ဘောတွေကို ပုံမှန် လိုက်လံကင်းလှည့်နေတာဖြစ်တယ်လို့ ပြော ပါတယ်။ တရုတ်နိုင်ငံအခေါ်အရ ဒိုင်အိုယိုကျွန်းနဲ့ ဂျပန်အခေါ်အရ စံခပ်ခူးကျွန်းတွေဟာ မကြာခဏဆိုသလို တရုတ်နဲ့ဂျပန်တို့ ကြားမှာ ပြဿနာဖြစ်ခဲ့ရတဲ့ဒေသဖြစ်ပါတယ်။

အဲဒီကျွန်းစုဟာ ကမ်းလွန်သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝသလို ငါးဖမ်းလို့ကောင်းတဲ့အရပ်လည်း ဖြစ်တယ်လို့ သိရပါတယ်။

XS
SM
MD
LG