သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ဖို့ ကလင်တန် ကမ္ဘောဒီးယားကိုရောက်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို တက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ဟာ Cambodia နိုင်ငံ Phnom Penh မြို့တော်ကို ဗုဒ္ဓဟူးနေ့က ရောက်သွားခဲ့ပါတယ်။

Cambodia နိုင်ငံမှာရှိနေတဲ့ အမေရိကန် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေက အာရှဒေသတွင်းမှာ အမေရိကန်ပို့ကုန်တွေ တိုးမြှင့်ရေး နည်းလမ်းတွေကို ဆွေးနွေးကြမယ့် အစည်းအဝေးပွဲကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Clinton က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။ မဲခေါင်မြစ်ဝှမ်းတလျှောက်က နိုင်ငံတွေအတွက် အမေရိကန် တာဝန်ရှိသူတွေက အင်မတန်မှ ရေရှည်ခံမယ့် အစီအစဉ်သစ်တွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောမယ်လို့ ခန့်မှန်းရပါတယ်။

အစောပိုင်းတုန်းကတော့ Laos နိုင်ငံကို နှစ်ပေါင်း ၅၇ နှစ်အတွင်းမှာ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးအဖြစ် Hillary Clinton သွားခဲ့ပါတယ်။ မဲခေါင်မြစ်ဝှမ်း အောက်ပိုင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လာအိုခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG