သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားရုံးဆုံးဖြတ်ချက် အီဂျစ်သမ္မတလိုက်နာ


အီဂျစ်သမ္မတ မိုဟာမက်မော်စီက သူ့ရဲ့ လွှတ်တော်ပြန်ခေါ်မယ့် ဆုံးဖြတ်ချက်ကို တရားရုံးချုပ်က တားမြစ်ခဲ့တာကို လေးစားလိုက်နာ ပါ့မယ်လို့ ပြောလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ သမ္မတ မော်စီက နိုင်ငံရေးအဖွဲ့တွေနဲ့ရော တရားရေးဆိုင်ရာ တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံပြီး လွှတ်တော်ပြန်ခေါ်ရေး အငြင်းပွားမှုအပေါ်မှာ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို အဖြေရှာရေး ဆွေးနွေးသွားမယ်လို့ ဖော်ပြလိုက်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲတုန်းက သမ္မတမော်စီဟာ အစ္စလာမ်ဝါဒီတွေလွှမ်းမိုးတဲ့ လွှတ်တော်ကို ပြန်ခေါ်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်တွေ ရွေးချယ်တဲ့လုပ်ငန်းစဉ်မှာ အမှားအယွင်းတွေရှိခဲ့တာကို ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ အထူး တရားရုံး ချုပ် ကနေပြီး တွေ့ရှိခဲ့ပြီးတဲ့နောက် အီဂျစ်စစ်တပ်အကြီးအကဲတွေက လွှတ်တော်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

အင်္ဂါနေ့တုန်းကတော့ စစ်တပ်နဲ့ တရားရုံးချုပ်ရဲ့ အမိန့်အာဏာကို ဖီဆန်ပြီး မစ္စတာမော်စီက အောက် လွှတ်တော်ကို ခဏတာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG