သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နဲ့ ဝန်ကြီး Clinton တွေ့ဆုံမည်


အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရချမှတ်ထားတဲ့ အရေးယူ တားဆီးပိတ်ဆို့မှုတွေ ကို ပြန်လည် ရုပ်သိမ်းပေးလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ဟာ မြန်မာသမ္မတဦးသိန်းစိန်နဲ့ အခုသတင်းပတ်နှောင်းပိုင်းမှာ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။

တွေ့ဆုံမှုကို သောကြာနေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတဦးက VOA ကိုပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံရဲ့ပြင်ပမှာ အလွတ် သဘော တွေ့ဆုံကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးကလင်တန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံကို ထူးခြားအရေးပါတဲ့ ခရီးစဉ်တခု အဖြစ် သွားရောက်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မနေ့က ရုပ်သိမ်းလိုက်ပြီး ၁၅ နှစ်အတွင်း ပထဆုံးအကြိမ်အဖြစ် အမေရိကန် ကုမ္ပဏီတွေကို မြန်မာနိုင်ငံမှာ သွားရောက်ရင်းနှီး မြှုပ်နှံဖို့ ခွင့်ပြုလိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံက အရပ်သားအစိုးရရဲ့ အရေးပါတဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ခဲ့ တဲ့အပေါ်မှာ မူတည်ပြီး ပြန်လည်တုံ့ပြန် လုပ်ဆောင်တာဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် က ပြောပါတယ်။

XS
SM
MD
LG