သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန်နဲ့ UNHCR အကြီးအကဲ ရခိုင်ဒေသ ဒုက္ခသည်အရေးဆွေးနွေး

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာမူဆလင်တွေကို တတိယနိုင်ငံတခုခုဆီ ပို့ပေးတာ ဒါမှမဟုတ် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က စောင့်ရှောက်ပေးတာမျိုး ဖြစ်စေချင်တယ်လို့ မြန်မာသမ္မတ ဦးသိန်းစိန်က ပြောပါ တယ်။ UNHCR မဟာမင်းကြီး Antonio Guterres နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ဆွေးနွေးပြီး တဲ့နောက် မြန်မာသမ္မတက အဲဒီလို ပြောခဲ့တာပါ။

ဒါပေမဲ့ မစ္စတာ Guterres ကတော့ အဲဒီလိုလုပ်ဖို့ရာဟာ UNHCR ရဲ့ တာဝန်မဟုတ်ဘူးလို့ ပြန်တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် လူ ၇၈ ယောက်ထက်မနည်း သေဆုံး ခဲ့ရပြီး ထောင်ပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီးတဲ့နောက် ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ ပြောဆို ဆွေးနွေးမှုတွေ ရှိလာတာပါ။

UNHCR က ကမကထပြုစီစဉ်တဲ့ ရွှေ့ပြောင်းအခြေချနေထိုင်ရေး အစီအစဉ်ဟာ နိုင်ငံတခုကနေ နောက်နိုင်ငံတခု ဆီ ထွက်ပြေး ခိုလှုံကြရတဲ့ ဒုက္ခသည်တွေအတွက်ပဲဖြစ်ပြီး အခုကိစ္စရပ်ဟာ အဲဒီလိုအခြေအနေမျိုးနဲ့ အကျုံး မဝင် ဘူးလို့ UNHCR အကြီးအကဲက ပြောပါတယ်။

This item is part of
XS
SM
MD
LG