သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အငြင်းပွားမှု ညှှိနှိုင်းဖြေရှင်းရန် ကလင်တန်တိုက်တွန်း


တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုဆိုင်ရာ နယ်မြေအငြင်းပွားမှုတွေအပေါ် ပူးပေါင်းပြီးတော့ သံတမန်နည်းလမ်း အရ ညှိနှိုင်းအဖြေရှာကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အရှေ့တောင် အာရှနိုင်ငံတွေ ကို တိုက်တွန်းလိုက်ပါတယ်။

အငြင်းပွားနေတဲ့ ပင်လယ်ရေပြင်ပိုင်ဆိုင်မှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအားလုံးအနေနဲ့ ခြိမ်းခြောက် တာတွေကို ရှောင်ရှားပြီး အရှေ့တောင် အာရှနိုင်ငံများအဖွဲ့အတွင်းမှာ ဆွေးနွေးပြောဆိုပြီးတော့ လုပ်ဆောင် သင့်တယ်လို့ ကြာသပတေးနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကလင်တန်က ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတာနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးပွဲတွေမှာ စက်တင် ဘာလ အစောဆုံးထားပြီး ပါဝင်ဖို့ ဆန္ဒရှိတယ်ဆိုတာကို ကလင်တန်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် တရုတ်နိုင် ငံခြားရေးဝန်ကြီး ယန်ကျီးချီက သတိထားပြောဆိုခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဘရူနိုင်း၊ တရုတ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတွေက တောင်တရုတ်ပင်လယ် တစိတ်တပိုင်း ဒါမှမဟုတ် အားလုံးကို ပိုင်ဆိုင်တယ်လို့ ပြောထားကြပါတယ်။

XS
SM
MD
LG