သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဟာမာဒေသမှာ လူ ၂၀၀ ကျော် သေဆုံး


ဆီးရီးယားနိုင်ငံ၊ ဟာမာခရိုင်ထဲက ရွာတရွာမှာ အစိုးရစစ်တပ်က အရပ်သားအများစုဖြစ်တဲ့ လူ ၂၀၀ ကျော်ကို အစုအဝေးလိုက် သတ်ပစ်ခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံ လှုပ်ရှားသူတွေက ပြောပါတယ်။

မြို့ကို ဝင်မစီးခင်မှာ အစိုးရတပ်တွေက Treimsa ရွာကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ လှုပ်ရှားသူတွေနဲ့ မျက်မြင်တွေက ပြောပါတယ်။

အတိုက်အခံတွေနဲ့ အရပ်သားတွေကို လက်နက်ကြီးတွေနဲ့ ဆက်ပြီး ပစ်ခတ် တိုက်ခိုက်နေမယ်ဆိုရင် ဆီးရီးယား အစိုးရအပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်အရေးယူမှုအသစ်တွေ ချမှတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အကြိတ် အနယ် ဆွေးနွေးနေချိန်မှာပဲ ကြာသပတေးနေ့က အဲဒီတိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

အနောက်နိုင်ငံတွေက ထောက်ခံထားတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အရ စစ်ရေးအရ အရေးယူနိုင်တဲ့ အလားအလာကို ဖွင့်ထားတာပါ။ ဒါပေမဲ့လည်း ရုရှားက တချက်လွှတ် ဗီတိုအာဏာသုံးမယ်လို့ ခြိမ်းခြောက် ထားပါတယ်။ ဆီးရီးယားက ကုလသမဂ္ဂ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို နောက်ထပ် သုံးလ သက်တမ်းတိုးဖို့ပဲ ရုရှားတို့က လိုလားနေတာပါ။

ရုရှားနိုင်ငံဟာ ဆီးရီးယားအစိုးရရဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံတခုဖြစ်ပြီး အရင် ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေ ကိုလည်း ဗီတိုအာဏာသုံး ပယ်ချခဲ့ဖူးပါတယ်။

XS
SM
MD
LG