သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဖွင့်မည်


မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးဖွင့်မယ့် အစီအစဉ်တရပ်ကို ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ် (John Baird) က ဇူလိုင် လ ၁၃ ရက်၊ သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ဒေသတွင်းအစည်းအဝေးနဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတွေအတွင်း ကြေညာခဲ့တာပါ။ အဲဒီအစည်းအဝေးတွေ အတွင်းမှာ ကနေဒါနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် ကနေဒါနိုင်ငံအနေနဲ့ ဆက်ပြီး အားတက်ရတဲ့အကြောင်း၊ မိမိတို့ရဲ့ ဆက်ဆံရေးကို မကြာသေးခင်က တိုးချဲ့ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံမှာ သံရုံးတခုဖွင့်လှစ်ရေး ကနေဒါနိုင်ငံ က စီစဉ်နေတယ်ဆို တာကို မိမိ ဝမ်းမြောက်ဝမ်းသာ ကြေညာပါတယ်လို့ မစ္စတာ ဘာ့ဒ်က ပြောခဲ့ပါတယ်။

အဲဒီလိုဖွင့်လှစ်နိုင်ဖို့အတွက် လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း မြန်မာအစိုးရနဲ့ အနီးကပ် ပူးပေါင်း လုပ်ဆောင်သွားမယ့် အကြောင်း၊ ဒီကြေညာချက်ဟာ မြန်မာနိုင်ငံနဲ့ မိမိတို့အကြားဆက်ဆံရေးမှာ အပြု သဘောဆောင်တဲ့ တခြားတိုးတက်မှုတွေကိုလည်း တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီးက ထည့်ပြောသွားပါတယ်။

မစ္စတာဘာ့ဒ်ဟာ ဒီနှစ် မတ်လ ၈ ရက်နေ့က မြန်မာနိုင်ငံဆီ လာရောက်ခဲ့တာကြောင့် မြန်မာနိုင်ငံဆီ သမိုင်းဝင် လာရောက်တဲ့ ပထမဆုံး ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG