သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမြို့တော်မှာ အပြင်းအထန် တိုက်ပွဲဖြစ်


ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ အတိုက်ခံတပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေဖြစ်ပွားနေချိန်မှာ လက်နက်တပ် ဆင်ထားတဲ့ အစိုးရစစ်တပ်ပိုင်စစ်ကားတွေဟာ ဒမတ်စကဒ်မြို့တော်အတွင်းကို ၀င်ရောက်လာနေကြပါတယ်။

မြို့ခံပြည်သူတွေကတော့ မြို့တွင်းမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။

တိုက်ပွဲတွေဟာ အနီးအနားမှာရှိတဲ့ ရပ်ကွက်တွေနဲ့ မြို့လည်ခေါင်ကိုပါ ပျံ့နှံ့နေပြီဆိုပြီး ဆီးရီးယားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဆီးရီးယားနိုင်ငံအရေး ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန် ကိုဖီအာနန်ဟာ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မော်စကိုမြို့ကို သွားရောက်နေချိန်မှာ အခုလို ဆီးရီးယားနိုင်ငံအတွင်း တိုက်ပွဲတွေ ပျံ့နှံ့ ဖြစ်ပွားနေတာပါ။

မစ္စတာပူတင်ဟာ ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ်အာဆဒ်အပေါ် အနောက်နိုင်ငံတွေက ဖိအားပေးနေတာ ကို ဆန့်ကျင် နေသူဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက ဆီးရီးယားနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကနေ ပြင်းပြင်းထန်ထန် ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် ရုရှားရဲ့ထောက်ခံမှုရအောင် ရုရှားနိုင်ငံအပေါ် အတင်းအဓမ္မ ဖိအားပေးလုပ်ဆောင် နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဆာဂျီ လာဗရော့ဗ်) က တနင်္လာနေ့မှာ စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဒီအတောအတွင်း ဆီးရီးယားနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ တစထက်တစ နေရာအသစ်တွေ ဆီ ပျံ့နှံ့နေပြီလို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ IRC က ပြောပါတယ်။

XS
SM
MD
LG