အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ Irene ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးတဲ့နောက် မုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ဗဟိုအစိုးရက တတ်နိုင်သလောက် ကူညီဆောင်ရွက် သွားမယ့် အကြောင်း သမ္မတအိုဘားမားက ကတိပေး ပြောဆိုပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းတွေ၊ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရတဲ့ နှစ်ပတ်လည်အတွက် သမ္မတအိုဘားမားရဲ့ ပြောဆိုချက်တွေနဲ့ ရီပတ်ဗလစ်ကန်ပါတီက သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့်သူတွေရဲ့ မဲဆွယ် စည်းရုံးပွဲတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။