အခုတပါတ် အနုပညာမိုးကောင်းကင်မှာတော့ အကျဉ်းသားတွေရဲ့  အနုပညာဖန်တီးမှုတွေအကြောင်းကို ကြားရမှာပါ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ လည်ခေါင်က ခမ်းမကြီးတခုမှာ ဗြိတိန်နိုင်ငံတဝှမ်းက အကျဉ်းသားတွေဖန်တီးတဲ့ အနုပညာလက်ရာမျိုးစုံကို ပြသတဲ့ပွဲတခု နှစ်စဉ်ကျင်းပပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ တလလုံး ပြသခဲ့တဲ့အဲဒီပွဲမှာ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားဟောင်း အခု လန်ဒန်မှာရောက်နေတဲ့ ပန်းချီဆရာ ထိန်လင်းကို အကဲဖြတ်ပုဂ္ဂိုလ်တဦးအဖြစ် ဖိတ်ခေါ်ခဲ့ပါတယ်။ အကျဉ်းသားတွေ အနုပညာ ဖန်တီးခွင့်ရတဲ့အခါ ဘယ်လို ပြောင်းလဲမှုတွေ ရှိလာသလဲဆိုတာနဲ့ ပတ်သက်ပြီး ကိုထိန်လင်းကို ဆက်သွယ်မေးမြန်းပြီး ကိုကျော်အောင်လွင်, က တင်ဆက်ထားပါတယ်။
အကျဉ်းသား နဲ့ အနုပညာ
