သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်အိမ်အနီး ထောက်ခံသူများ စောင့်မျှော်


ဒေါ်အောင်ဆန်းစုကြည်အိမ်အနီး ထောက်ခံသူများ စောင့်မျှော်
ဒေါ်အောင်ဆန်းစုကြည်အိမ်အနီး ထောက်ခံသူများ စောင့်မျှော်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းဟာ ဒီကနေ့ စနေနေ့မှာ ပြည့်သွားပါပြီ။ မြန်မာစစ်အစိုးရက သူ့ကို ပြန်လွှတ်ပေးတော့မယ် ဆိုတဲ့သတင်းကလည်း မနေ့ကတည်းက ထွက်နေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့မိနစ်ပိုင်းမှာ ဆက်သွယ်မေးမြန်းတဲ့အချိန်အထိတော့ လွတ်မလာသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းတဝိုက် အရင်ချထားတဲ့ လုံခြုံရေး အခြေအနေက ဒီအတိုင်းပဲ မပြောင်းမလဲ ရှိနေပေမဲ့ အရပ်ဝတ်နဲ့ လုံခြုံရေးတာဝန်ရှိသူတွေကိုတော့ ပိုတွေ့လာရတယ်လို့ အခုမနက်ပိုင်းမှာပဲ ရောက်သွားတဲ့ အဲန်အယ်လ်ဒီ ပါတီဝင်တဦးက မကြာသေးခင် မိနစ်ပိုင်းကပဲ ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဒါ့အပြင် မနေ့ညကတည်းက အဲဒီပတ်ဝန်းကျင်မှာ စောင့်ကြည့်နေကြသူတွေနဲ့ ဒီမနက်ပိုင်း ရောက်သွားသူတွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ လူ ရာနဲ့ချီ ရှိနေတယ်လို့လည်း အဲန်အယ်လ်ဒီ ပါတီဝင်က ဗွီအိုအေကို ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော်ကို ချက်ခြင်းလွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာကျွမ်းကျင်သူ ၄ ယောက်က မြန်မာစစ်အစိုးရကို သောကြာနေ့မှာ တိုက်တွန်းခဲ့ပါတယ်။ ဒီလိုလွှတ်ပေးတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုတဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ သူတို့က ခေါ်ဆိုကြပါတယ်။

XS
SM
MD
LG