သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငွေကြေးမူဝါဒအတွက် IMF ဆက်လက်ညှိနှိုင်းမည်


David Beckham wa Uingereza anaestahafu akipachika mkwaju wa free kick kusawazisha dhidi ya Ugriki katika mchuano wa kundi la tisa wa kuwania nafasi ya kuigia katika Kombe la Dunia, October 6, 2001.
David Beckham wa Uingereza anaestahafu akipachika mkwaju wa free kick kusawazisha dhidi ya Ugriki katika mchuano wa kundi la tisa wa kuwania nafasi ya kuigia katika Kombe la Dunia, October 6, 2001.

မြန်မာနိုင်ငံက ငွေကြေးလဲလှယ်မှုစံနစ်၊ တခြား ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ပြုပြင်ပြောင်းလဲဖို့အတွက် မြန်မာနိုင်ငံမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့ကြတဲ့ IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ရဲ့ ခရီးစဉ် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အောက်တိုဘာလ ၁၉ ရက်နေ့က ရောက်လာကြတဲ့ IMF ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံက အစိုးရနဲ့ ပုဂ္ဂလိကဘဏ်က ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ သီတင်း ၃ ပတ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ငွေကြေးလဲလှယ်မှုစံနစ် IMF ရဲ့ စည်းကမ်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိလာအောင် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ ဒီကိုယ်စားလှယ်အဖွဲ့ ရောက်လာခဲ့ကြတာပါ။

မြန်မာအစိုးရက ချမှတ်ထားတဲ့ ပေါ်လစီအသစ်ထွက်လာတဲ့အထိ အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ IMF အဖွဲ့က ပြောပါတယ်။ လာမယ့် ၂၀၁၂ ခုနှစ်ထဲ IMF ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို နောက်တခေါက် ထပ်လာဖို့ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကိုသွားခဲ့ကြတဲ့အဖွဲ့ဟာ IMF အာရှရုံးခွဲက ငွေကြေးနဲ့ ဥပဒေရေးရာ ဌာနက တာဝန်ရှိသူတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Article VIII လို့ခေါ်တဲ့ IMF က ပြဌာန်းထားတဲ့ ဥပဒတွေထဲက အပိုဒ် (၈) ကို လက်ခံကျင့်သုံးလာရေးအတွက် သွားရောက် ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG