သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပ ကြွေးမြီပြဿနာ တရုတ်လက်ရှောင်


ပြင်သစ်သမ္မတ ဆာကိုဇီနဲ့ တရုတ်သမ္မတ ဟူဂျင်းတောင်
ပြင်သစ်သမ္မတ ဆာကိုဇီနဲ့ တရုတ်သမ္မတ ဟူဂျင်းတောင်

အကြွေးပြဿနာတွေကို ရင်ဆိုင်နေရတဲ့ ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့ တရုတ်နိုင်ငံ အကူအညီတွေအပေါ်မှာပဲ အားကိုးမနေဖို့ တရုတ်ခေါင်းဆောင်တွေက သတိပေးလိုက်တယ်။

ဥရောပတိုက်မှာ ကြုံနေရတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ့် အဓိကတာဝန်ဟာ ဥရောပမှာသာရှိတယ် ဆိုတဲ့အကြောင်း တရုတ်သမ္မတ ဟူဂျင်တောင်က ပြင်သစ်သမ္မတ နစ်ကိုလတ် ဆာကိုဇီကို မနေ့တုန်းကပဲ ပြောခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ တချိန်တည်းမှာပဲ ဥရောပတိုက်ရဲ့ တည်ငြိမ်မှုဟာ ကမ္ဘာ့စီးပွားရေးအတွက် အရေးကြီးတဲ့အကြောင်း တရုတ်သမ္မတက အသိအမှတ်ပြု ပြောခဲ့တယ်လို့ တရုတ် အစိုးရပိုင် ဆင်ဟွာ သတင်းက ပြောပါတယ်။

ဥရောပတိုက်သားတွေ အနေနဲ့ သူတို့ကိုယ်ပိုင် ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ ဉာဏ်အမြော်အမြင်နဲ့ အစွမ်းအစရှိတယ်လို့ ယုံကြည်ကြောင်းလည်း ပြောခဲ့တာပါ။

ပြင်သစ်နိုင်ငံမှာ ဒီတပတ်ထဲ ကျင်းပမယ့် စက်မှုဖွံ့ဖြိုးတဲ့နိုင်ငံပေါင်း ၂၀ (G-20) အစည်းအဝေးပွဲ မတိုင်မီ ပြင်သစ်နဲ့ တရုတ်သမ္မတ ၂ ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဂရိနဲ့တခြား ဥရောပက အကြွေးတွေ ပြန်မဆပ်နိုင်တော့မယ့် အဖြစ်နဲ့ ရင်ဆိုင်နေရတဲ့ တိုင်းပြည်တွေကို အကူအညီပေးဖို့ ဥရောပနိုင်ငံတွေက ဘဏ္ဍာရေးအစီအစဉ်သစ်တရပ် ချမှတ်ရာမှာ ကမ္ဘာပေါ်မှာ နိုင်ငံခြား အရန်ငွေကြေး အများဆုံး စုဆောင်းထားတဲ့ နိုင်ငံတနိုင်ငံအဖြစ် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံသွားဖို့ ဥရောပ ခေါင်းဆောင်တွေက မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG