သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီးယားကြိုးပမ်းမှု IAEA စိုးရိမ်

အီရန်နျူကလီးယားကြိုးပမ်းမှု IAEA စိုးရိမ်
အီရန်နျူကလီးယားကြိုးပမ်းမှု IAEA စိုးရိမ်

Iran နိုင်ငံဟာ nuclear လက်နက်ထုတ်လုပ်ဖို့ ရည်ရွယ်တဲ့ လုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတာ ယုံကြည်ရလောက်တဲ့ သတင်းတွေ ရရှိထားကြောင်း IAEA နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီက ပြောပါတယ်။ အဲဒီ သတင်းနဲ့ပတ်သက်ပြီး
အထူး စိုးရိမ်ပူပန်မိပါတယ်လို့ IAEA က အင်္ဂါနေ့က Austria နိုင်ငံ Vienna မြို့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အစိတ်အပိုင်းတွေကို စမ်းသပ်တာအပါအဝင် nuclear လက်နက် ဒီဇိုင်းနဲ့ ပတ်သက်ပြီး လုပ်ကိုင် နေကြတယ်လို့ ရရှိထားတဲ့ သတင်း အရ သိရကြောင်း IAEA ကပြောပါတယ်။ အဲဒီအစီရင်ခံစာက အမေရိကန်တို့ စိုးရိမ်နေတာ ဟုတ်မှန်ကြောင်း အတည်ပြုပေး လိုက်တာ ဖြစ်ပြီး ဒါကြောင့် အမေရိကန်တို့ဟာ Iran နိုင်ငံကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်လုပ် ရနိုင်တယ်လို့ ပြောပါတယ်။

အခု အစီရင်ခံစာမှာက Iran နိုင်ငံရဲ့ nuclear လက်နက် အစီအစဉ်နဲ့ ပတ်သက်ပြီး အပြင်းထန်ဆုံးနဲ့ အသေးစိတ် အကျဆုံး စွတ်စွဲချက်တွေပါဝင်ပါတယ်။ IAEA ဆိုင်ရာ Iran ကိုယ်စားလှယ် Ali Asghar Soltanieh ကတော့ ဒီအစီရင်ခံစာဟာ မျှတမှု မရှိဘဲ နိုင်ငံရေးရည်ရွယ်ချက်တွေလည်း ပါဝင်တယ်လို့ ပြောပြီး ပယ်ချကြောင်း Iran အစိုးရရဲ့ Fars သတင်းဌာနက ပြောပါတယ်။

Iran က သူ့ရဲ့ nuclear အစီအစဉ်ဟာ ငြိမ်းချမ်းပြီး စွမ်းအင် ထုတ်လုပ်ရေးအတွက်ပဲ ရည်ရွယ်ပါတယ်လို့ Iran အစိုးရက ဟိုးအရင်ထဲက ခိုင်ခိုင်မာမာ ပြောနေတာပါ။ Iran အစိုးရဟာ nuclear လက်နက်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို ၂၀၀၃ ခုနှစ်မတိုင်မီ တည်ဆောက်ထားတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် လုပ်ဆောင်နေပုံရတယ်လို့ IAEA ရဲ့
အစီရင်ခံစာမှာ ပြောထားပါတယ်။

Iran နိုင်ငံဟာ အဲဒါနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဆောင်နေတုန်း ဖြစ်နိုင်တယ်လို့လည်း ပါ ပါတယ်။ အဖွဲ့ဝင်နိုင်ငံတချို့က ပို့ပေးတဲ့ အချက်အလက်တွေနဲ့ ကိုယ်တိုင် ရှာတွေ့တဲ့ အချက်အလက်တွေကို အခြေခံပြီး IAEA က ဒီအစီရင်ခံစာကို ထုတ်ပြန်တာပါ။

This item is part of
XS
SM
MD
LG