သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်လွတ်လပ်မှု အားပေးဖို့ ကလင်တန်တိုက်တွန်း


အင်တာနက်လွတ်လပ်မှု အားပေးဖို့ ကလင်တန်တိုက်တွန်း
အင်တာနက်လွတ်လပ်မှု အားပေးဖို့ ကလင်တန်တိုက်တွန်း

အင်တာနက်လွတ်လပ်မှုကို ထိမ်းချုပ်ကန့်သတ်မယ့် အစိုးရတွေဆီကို ဆော့ဖ်ဝဲ (software) နဲ့တခြား အဆင့်မြင့်နည်းပညာဆိုင်ရာလုပ်ငန်းတွေ၊ နည်းပညာတွေ မရောင်းချဖို့ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က တိုက်တွန်းလိုက်ပါတယ်။ နယ်သာလန်နိုင်ငံမှာ ကျင်းပတဲ့ အင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ နိုင်ငံတကာညီလာခံမှာ ဝန်ကြီးကလင်တန်က မနေ့ကပဲ ပြောခဲ့တာပါ။

နည်းပညာပစ္စည်းရောင်းချတဲ့ကုမ္ပဏီတွေအနေနဲ့ အစိုးရတွေက ဒီနည်းပညာတွေကိုသုံးပြီး ပြည်သူတွေရဲ့ ဒီဂျစ်တဲလ် အခွင့်အရေးတွေ၊ အင်တာနက်လွတ်လပ်ခွင့်တွေကို ချိုးဖောက်နေသလားဆိုတာကို သတိထားရလိမ့်မယ်လို့လည်း ဝန်ကြီးကလင်တန်က ပြောပါတယ်။

ဆီးရီးယား ဒါမှမဟုတ် အီရန်၊ ဒါမှမဟုတ် အရင်က လစ်ဗျားနိုင်ငံတွေက လုံခြုံရေးအဖွဲ့တွေကို စုံစမ်းထောက်လှမ်းမှုနဲ့ဆိုင်တဲ့ နည်းပညာ ပစ္စည်းတွေ ရောင်းချခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ ဒီဂျစ်တဲလ် အခွင့်အရေးတွေ အချိုးဖောက်ခံရမှာ သေချာတယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG