သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်ဘေးရီးယား အမျိုးသမီးသမ္မတ ပြန်အရွေးခံရ

လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf သူ့ကို ထောက်ခံသူတွေကို နှုတ်ဆက်နေစဉ်
လိုင်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf သူ့ကို ထောက်ခံသူတွေကို နှုတ်ဆက်နေစဉ်

လိုင်ဘေးရီးယားနိုင်ငံမှာ မဲအရေအတွက်တွေ တူနေတဲ့အတွက် နောက်တကြိမ် ထပ်ပြီး ကျင်းပရတဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံတွေက ရွေးကောက်ပွဲရလဒ်ကို သပိတ်မှောက်ခဲ့ကြတယ် ဆိုပေမဲ့လည်း သမ္မတ Ellen Sirleaf Johnson က လွယ်လွယ်နဲ့ပဲ အနိုင်ရခဲ့ပါတယ်။

မနေ့ကထွက်လာတဲ့ မဲစာရင်းတွေအရ မဲအရေအတွက် ၉၀ ရာခိုင်နှုန်းကျော်နဲ့ သမ္မတ ဆာလိဗ်က အပြတ်အသတ်အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေသူတွေကလည်း လိုင်ဘေးရီးယားက အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ ယုံကြည်စိတ်ချရမှုလည်းရှိတယ်။

ဒီမိုကရေစီ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့လည်း ကိုက်ညီတယ်လို့ပြောကြပါတယ်။

This item is part of
XS
SM
MD
LG