သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သမ္မတ အာဏာလွှဲဖို့ သဘောတူ


အာဏာလွဲှပေးဖို့ သဘောတူလက်မှတ်ထိုးပေးနေတဲ့ ယီမင်သမ္မတ ဆာလေး(နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၁၁)
အာဏာလွဲှပေးဖို့ သဘောတူလက်မှတ်ထိုးပေးနေတဲ့ ယီမင်သမ္မတ ဆာလေး(နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၁၁)

ယီမင်နိုင်ငံမှာ သမ္မတ Ali Abdullah Saleh နဲ့ အတိုက်အခံခေါင်းဆောင်တွေဟာ အချိန် အတော်ကြာ ကတည်းက ညှိနှိုင်းထားခဲ့ရတဲ့ အာဏာလွဲှပြောင်းရေးအစီအစဉ်ကို မနေ့ ဗုဒ္ဓဟူးနေ့က သဘောတူ လက်မှတ်ထိုးလိုက်ကြပါတယ်။ ဒီ သဘောတူညီချက်အရဆိုရင် ဒု-သမ္မတ Abed Rabbo Mansour Hadi ကို အာဏာလွဲှပေးရမှဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲတွေကို စောစောစီးစီး လုပ်ပေးဖို့လည်း ပါဝင်ပါတယ်။ ဒီ သဘောတူညီချက်ကြောင့် သမ္မတဆာလေး အစိုးရကို ဆန့်ကျင်တဲ့ လအတန်ကြာ ဆန္ဒပြမှုတွေ ရပ်သွားနိုင်ခြေရှိပါတယ်။

ဆော်ဒီအာရေဗီးယား နိုင်ငံမှာလုပ်တဲ့ အခမ်းအနားမှာပဲ မစ္စတာဆာလေးနဲ့ အတိုက်အခံတွေ ဒီ သဘောတူညီချက်ကို လက်မှတ်ထိုးပါတယ်။ ယီမင်နိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ် လိုက်ပါပြီလို့ ဆော်ဒီဘုရင် Abdullah က ပြောပါတယ်။

ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးသမားတွေ ပူးပေါင်း လုပ်ဆောင်ကြဖို့လို့လည်း သူက တိုက်တွန်းပါတယ်။ ယီမင်နိုင်ငံ ပြန်လည်တည်ထောင်ရေးအတွက် သူ့အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုဆိုတယ်လို့ မစ္စတာဆာလေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀ လအတွင်း သူ့အုပ်ချုပ်ရေးကို အန်တုလှုပ်ရှားမှုအတွင်း သွေးမြေကျခဲ့ရတာတွေအပေါ် ဝမ်းနည်းကြေကွဲမိပါတယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့်လည်း အာရပ်ကမ္ဘာမှာ သူတို့ စိတ်တိုင်းကျဖြစ်လာစေဖို့ လုပ်နေတဲ့ ပြည်ပအင်အားစုတွေကြောင့် အခုလို မငြိမ်မသက်မှုတွေ ဖြစ်လာရတာလို့ သူက အပြစ်တင်ပါတယ်။

အခုလို ယီမင်နိုင်ငံရေး သဘောတူညီချက်ရလာအောင်လို့ ပင်လယ်ကွေ့ဒေသ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က ကြားဝင်ပြီးတော့ စိတ်ရှည်လက်ရှည် ညှိနှိုင်းပေးခဲ့ပါတယ်။ အခု လက်မှတ်ထိုး သဘောတူညီချက်ဟာ သမိုင်းဝင်ဖြစ်ရပ်ပါပဲလို့ GCC အတွင်းရေးမှူးချုပ် Abdel Latif Zayani က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG