သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ သမ္မတအမိန့်ပေး


ယီမင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ သမ္မတအမိန့်ပေး
ယီမင်အကြမ်းဖက်မှု စုံစမ်းစစ်ဆေးဖို့ သမ္မတအမိန့်ပေး

ယီမင်နိုင်ငံသမ္မတ အလီ၊ အဗ္ဘဒူလာဆာလေးက ဆာနာ့သ်မှာ လူတွေသေကျေလောက်အောင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်း ဖြစ်ပွားမှုကို စုံစမ်းစစ်ဆေးဖို့ ကြာသာပတေးနေမှာ အမိန့်ပေးလိုက်ပါတယ်။ သမ္မတဆာလေးဟာ သူ့ကို ရာထူးကနေ ဆင်းပေးဖို့အတွက် တောင်းဆိုတဲ့ အာရပ် လိဒ်အဖွဲ့ချုပ်(Arab League) ရဲ့ အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မှာ သဘောတူညီခဲ့တာပါ။

ကြာသာပတေးနေ့စောစောပိုင်း သမ္မတဆာလေးအနေနဲ့ တရားစွဲဆိုခံရမှုကနေ ကင်းလွတ်ခွင့်ပေးပြီး အာဏာလွှဲပြောင်းရေး သဘောတူညီမှု အစီအစဉ်အပေါ် မကျေမနပ်ဖြစ်ပြီး ဆန္ဒပြကြတဲ့သူတွေကို သမ္မတရဲ့သစ္စာခံတပ်ဖွဲ့တွေက ပစ်ခတ်တဲ့အတွက် လူ ၅ ဦး သေဆုံးပြီး ၃၄ ဦး ဒဏ်ရာ ရရှိသွား တယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

အဲဒီလိုဖြစ်ပွားခဲ့မှုအပေါ် မစ္စတာဆာလေးက ပစ်တင်ရှုတ်ချကြောင်း နိုင်ငံပိုင် SABA သတင်းဌာနက ပြောပါတယ်။ ကြာသာပတေးနေ့မှာ ရုန်ုးရင်းဆန်ခတ် ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ အစိုးရမှာ တာဝန်ရှိတယ် ဆိုတဲ့အချက်ကို ပြည်ထဲရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။

ဒီအတောအတွင်း နိုင်ငံတောင်ပိုင်းမှာ လွန်ခဲ့တဲ့ ၂ ရက်က သူပုန်တွေရဲ့ ပြန်ပေးဆွဲသွားတာကို ခံခဲ့ရတဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ ICRC ရဲ့ လုပ်သား ၃ ယောက် ပြန်လွတ်လာပြီလို့ ICRC အဖွဲ့ကပြောပါတယ်။

ဒီလိုပြန်ပေးဆွဲသွားသူတွေဟာ တောင်ပိုင်းယီမင်ကို လွတ်လပ်ရေးပေးဖို့ တောင်းဆို လှုပ်ရှားနေတဲ့ အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ အစိုးရက ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ပြန်ပေးဆွဲသူတွေက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG