သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြေကွဲကြောင်း အမေရိကန်ထုတ်ပြန်


မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြေကွဲကြောင်း အမေရိကန်ထုတ်ပြန်
မြန်မာငလျင်ဘေးအတွက် ဝမ်းနည်းကြေကွဲကြောင်း အမေရိကန်ထုတ်ပြန်

ထိုင်းနဲ့လာအိုနယ်ချင်းစပ် မြန်မာနိုင်ငံဘက်ခြမ်းမှာ လှုပ်ခတ်သွားတဲ့ငလျှင်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်နစ်နာ အသက်ဆုံးရှုံးမှုတွေအတွက် ဝမ်းနည်းကြေကွဲကြောင်း အမေရိကန်သမ္မတ ဘရက် အိုဘားမားနဲ့ အမေရိကန်ပြည်သူတွေကိုယ်စား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က သောကြာနေ့တုန်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်နဲ့ မိုင်းဖြတ်အကြား ပြင်းအား ၇ နီးပါးရှိတဲ့ ငလျင်တွေ ဆက်တိုက် လှုပ်ခတ် ခဲ့တာကြောင့် သေဆုံးပျက်စီးမှု အတိုင်းအတာကို အသေအချာသိနိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ကြိုးစားနေကြပါတယ်။

ကြာသပတေးနေ့ညက လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၈ အဆင့်ရှိတဲ့ ငလျင်ကြောင့် ၇၃ ဦး သေဆုံးခဲ့တယ် လို့ မြန်မာအစိုးရသတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း လက်တွေ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် လုပ်ကိုင်နေသူတွေကတော့ သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၃၀ ရှိသွားပြီလို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောခဲ့ကြပါတယ်။ စနေနေ့ မနက်ကနေ မွန်းလွဲချိန်အထိ နောက်ဆက်တွဲ ငလျင်ငယ်တွေ ရံဖန်ရံခါ ထပ်မံ လှုပ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တာချီလိတ် မိုင်းဖြတ်နဲ့ တာလေးမြို့တွေကြားမှာ မြေအောက် အနက် ၆ မိုင်အကွာလောက်ကနေ ပြင်းအား ၆.၈ အဆင့်နဲ့ ကြာသပတေးနေ့က လှုပ်ခတ်သွားခဲ့တာပါ။ ဒီနောက် နောက်ဆက်တွဲငလျင်တွေအဖြစ် ပြင်းအား ၅ ဝန်းကျင်ရှိတဲ့ ငလျင် သုံးခု ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ ကုလသမဂ္ဂ MIMU မြန်မာ့သတင်းအဖွဲ့က ထုတ်ပြန်ခဲ့ ပါတယ်။

XS
SM
MD
LG