သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်ဂျုံအီးလ် ဈာပနဓာတ်ပုံ Photoshop နဲ့ ပြုပြင်ထား


ကင်ဂျုံအီးလ် ဈာပနဓာတ်ပုံ Photoshop နဲ့ ပြုပြင်ထား
ကင်ဂျုံအီးလ် ဈာပနဓာတ်ပုံ Photoshop နဲ့ ပြုပြင်ထား

မြောက်ကိုရီးယားက တရားဝင်ထုတ်ပြန်တဲ့ ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ရဲ့ ဈာပန ပို့ဆောင်တဲ့ အခမ်းအနားဓာတ်ပုံဟာ Digital နည်းပညာနဲ့ ပြုပြင်ထားတယ်လို့ ကျွမ်းကျင်သူတွေက အဆုံးအဖြတ်ပေးတာကြောင့် New York Times သတင်းစာက အဲဒီပုံကို ဖယ်ရှားလိုက်ပါတယ်။

အဲဒီအသုဘပို့တဲ့ ဓာတ်ပုံကို KCNA နိုင်ငံပိုင်သတင်းက ရိုက်ကူးခဲ့တာဖြစ်ပြီး ဥရောပသတင်းအေဂျင်စီက ဖြန့်ဝေတာဖြစ် တယ်လို့ New York Times သတင်းကဆိုပါတယ်။ ညီညီညာညာ တန်းစီရပ်နေကြပြီး ငိုကြွေးနေတဲ့ လူထုရဲ့နောက်မှာ လူ ၆ ယောက်က သပ်သပ်စီ တယောက်တမျိုးရပ်နေတဲ့ပုံကို Photoshop software သုံးပြီး ဖျက်ပစ်ထားတာတွေ့ရ တယ်လို့ ကျွမ်းကျင်သူတွေရဲ့ အပြောကိုကိုးကားပြီး New York Times ကဖော်ပြလိုက်တာပါ။

KCNA က အဲဒီပုံကိုရိုက်တဲ့အချိန်မှာ ဂျပန် ကျိုဒိုသတင်းအေဂျင်စီကလည်း တပြိုင်တည်းရိုက်ခဲ့ရာမှာ KCNA က ဖျက်ပစ် လိုက်တဲ့ လူ ၆ ယောက်ပုံကို တွေ့ကြရတယ်လို့ Dartmouth College က ကျွမ်းကျင်သူတွေက ဆန်းစစ်တွေ့ရှိရတာ ဖြစ် ပါတယ်။ စီစီရီရီ စည်းကမ်းတကျရပ်နေကြတဲ့ ပြည်သူတွေနောက်မှာ မညီမညာရပ်နေကြတဲ့ ၆ ယောက် ကို ဆင်ဆာဖြတ် လိုက်တာဖြစ်ပုံရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG