တိုင်းပြည် စီးပွားရေးအကြပ်အတည်းနဲ့ အလုပ်လက်မဲ့ပြသနာတွေကြားမှာ အကျိုးအမြတ်ကိုပဲ ရှေ့တန်းတင်တယ်ဆိုပြီး အဓိက ငွေကြေးရင်းနှီးမြုတ်နှံတဲ့ Wall Street ငွေကြေးဈေးကွက်ကို ထောင်နဲ့ချီတဲ့ တက်ကြွလှုပ်ရှားသူတွေ ဆန့်ကျင်ဆန္ဒပြနေကြတယ်။ သမ္မတအိုဘားမားကတော့ သူ့ရဲ့ အလုပ်အကိုင် နေရာချထားရေး ဥပဒေကို အမြန်ဆုံး အတည်ပြုပေးဖို့ လွှတ်တော်ကို တိုက်တွန်းနေပါတယ်။ ဒီ ဥပဒေဟာ တိုင်းပြည်စီးပွားရေး ပြန်ပြီး ဦးမော့အောင် အထောက်အကူပြုနိုင်မယ်လို့ သူက မြင်ပါတယ်။ ဒီအတောအတွင်း အမေရိကန် ဗဟိုတရားရုံးကလည်း တရားရုံးကြားနာပွဲတွေအတွင်းမှာ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေး ဥပဒေ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီ ဆွေးနွေးဖို့ စီစဉ်နေပါတယ်။ ဒီအကြောင်းတွေကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဒီတပတ် ဆွေးနွေးတင်ပြထားပါတယ်။
အလုပ်အကိုင်ဖန်တီးရေးဥပဒေ အတည်ပြုဖို့ လွှတ်တော်ကို သမ္မတအိုဘားမားတိုက်တွန်း
- Thein Oo
