ဗဟိုအစိုးရအသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းရာမှာ လူလတ်တန်းစားမိသားစုတွေကို မထိခိုက်တဲ့ နည်းလမ်းတွေကို သုံးဖို့ သမ္မတအိုဘားမားက အကြံပြုပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ဆင်းရဲချမ်းသာကွာဟမှုတွေ ပိုများလာနေတယ်လို့လည်း သတိပေးပါတယ်။ ပြည်တွင်း စီးပွားရေး အခြေအနေတွေအပြင် ပြင်သစ်မှာကျင်းပတဲ့ စက်မှုအင်အားကြီးနိုင်ငံ ၂၀ ရဲ့ စီးပွားရေး ထိတ်သီးညီလာခံမှာ ဆွေးနွေးကြတဲ့အကြောင်းတွေကို ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ တင်ပြထားပါတယ်။