ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့တော်နဲ့ မိုင်သုံးဆယ်ကျော်အကွာ ပါကစ္စတန်စစ်တပ်တွေ အခြေစိုက်ရာနယ်မြေနားက အိမ်ကြီးတအိမ်မှာ အယ်လ်ခိုက်ဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့က ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး သုတ်သင်လိုက်ပါတယ်။ သမ္မတအိုဘားမားကတော့ အကြမ်းဖက် အဖွဲ့တွေကို ခြေမှုန်းတဲ့ စစ်ဆင်ရေးမှာ အကြီးမားဆုံးအောင်မြင်မှုအဖြစ် ပြောဆိုသလို သူ့အပေါ် လူထုရဲ့ ထောက်ခံမှုတွေလည်း ပိုများလာတယ်လို့ စစ်တမ်းတွေမှာ ဖေါ်ပြကြပါတယ်။ ဘင်လာဒင်ကို သုတ်သင်မှုအပါအ၀င် အမေရိကန် နိုင်ငံရေးလောကအတွင်း ပြောဆိုမှုတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။
ဘင်လာဒင်သေပြီး အိုဘားမားအပေါ် လူထုထောက်ခံမှုပိုများလာ
- Thein Oo

အိုဆာမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့တွေက ၀င်ရောက်စီးနင်းတိုက်ခိုက်ပြီး သုတ်သင်ခဲ့တာ အကြမ်းဖက်မှု ခြေမှုန်းရေးစစ်ပွဲမှာ အကြီးမားဆုံးအောင်မြင်မှုအဖြစ် သမ္မတအိုဘားမားက ဆိုပါတယ်။