သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သိပ္ပံနည်းပညာပိုင်း တရုတ်ထက် အိန္ဒိယနောက်ကျနေ


အိန္ဒိယဝန်ကြီးချုပ် Manmohan Singh
အိန္ဒိယဝန်ကြီးချုပ် Manmohan Singh

အိန္ဒိယနိုင်ငံရဲ့ သိပ္ပံဆိုင်ရာ ကျွမ်းကျင်မှုတွေဟာ တရုတ်နိုင်ငံနဲ့ စာရင် ခေတ်နောက်ကျနေမှာကို စိုးရိမ်ကြောင်း အိန္ဒိယဝန်ကြီးချုပ် မဲန်မိုဟန်ဆင်းက ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း သြရစ္စ (Orissa ) ပြည်နယ်ထဲမှာ အင်္ဂါနေ့က ကျင်းပတဲ့ ၉၉ ကြိမ်မြောက် အိန္ဒိယသိပ္ပံဆိုင်ရာ ညီလာခံကြီးရဲ့ အဖွင့်မိန့်ခွန်း ပြောကြားရာမှာ အခုလိုပြောကြားခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ အခြေအနေဟာ ကမ္ဘာ့သိပ္ပံလောကမှာ ဆယ်စုနှစ်နဲ့ချီပြီး ကျဆင်းနေတာတွေ့ရသလို တရုတ်လိုနိုင်ငံမျိုးက ရှေ့ရောက်သွားတာမို့ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းတွေအတွက် အားစိုက် လုပ်ဆောင်ဖို့၊ ငွေကြေး ၂ ဆ ပိုသုံးကြဖို့ တောင်းဆိုလိုက်ပါတယ်။

သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေရဲ့ လက်ထဲမှာ နိုင်ငံ့စီးပွားရေး ကျရောက်နေချိန်မှာ အိန္ဒိယနိုင်ငံမှာတော့ နည်းပညာကျွမ်းကျင်မှုဟာ အတိမ်းအစောင်းမခံတဲ့ အနေထားမှာ ရောက်နေတယ်လို့ အိန္ဒိယ အရာရှိတွေက ပြောပါတယ်။

တရုတ်နိုင်ငံမှာတော့ ကုန်ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုအတွက် ငွေကြေး သက်သက်သာသာနဲ့ လုပ်ဆောင်နိုင်တာမို့ တရုတ်ရဲ့ စီးပွားရေး တဟုန်ထိုး တိုးတက်ကြီးထွားနေတာတွေ့ရပြီး အိန္ဒိယနိုင်ငံကတော့ သတင်းနဲ့နည်းပညာရပ်မှာ ကျွမ်းကျင်မှုရှိတဲ့ နိုင်ငံဖြစ်လာတာပါ။ ဒါပေမယ့် တရုတ်နိုင်ငံက သိပ္ပံနည်းပညာ၊ သုတေသနနဲ့ တီထွင်မှုတွေအတွက် ငွေကြေးအမြောက်အများ သုံးစွဲလုပ်ဆောင်နေတာမို့ အိန္ဒိယနိုင်ငံအနေနဲ့ တရုတ်က ပိုပြီး သာသွားမှာကို စိုးရိမ်စိတ်တွေ တနေ့တခြား တိုးလာနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ပုဂ္ဂလိက ကုမ္ပဏီတွေဟာ သိပ္ပံ နည်းပညာရပ်ဆိုင်ရာ တိုးတက်အောင် တီထွင်ဖို့ အိန္ဒိယဝန်ကြီးချုပ် မဲန်မိုဟန်ဆင်းက ပန်ကြားလိုက်ပါတယ်။

XS
SM
MD
LG