သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican သမ္မတကိုယ်စားလှယ်လောင်းရွေးချယ်မှု Iowa မှာစတင်


သမ္မတအိုဘားမားကို ယှဉ်ပြိုင်ဖို့ အလားအလာကောင်းနေတဲ့ Republican ပါတီက မစ္စတာ Mit Romney

ဒီနှစ်နိုဝင်ဘာလကျရင်ကျင်းပမယ့် အမေရိကန်ပြည်ထောင်စုက သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားကို စိန်ခေါ်ယှဉ်ပြိုင်မယ့် ရီပါဘလစ်ကန်ပါတီဘက်က သမ္မတလောင်းကိုရွေးချယ်ဖို့ ပထမအဆင့်အနေနဲ့ အိုင်အိုဝါ(Iowa) ပြည်နယ်မှာ ရီပါဘလစ်ကန်ပါတီဝင်တွေ ဒီကနေ့ မဲပေးရွေးချယ်ကြပါလိမ့်မယ်။

မဲပေးကြမယ့်သူတွေဟာ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ တခြားနေရာတွေမှာစုဝေးကြပြီး သူတို့ရဲ့သမ္မတလောင်းကို မဲပေး ရွေးချယ်ကြမှာပါ။ နောက်ဆုံးထွက် ပေါ်လာတဲ့ သဘောထားစစ်တမ်းကောက်ယူမှုတွေအရ သမ္မတလောင်းဝင်ရွေးဖို့ ပြင်နေကြတဲ့ ရီပါဘလစ်ကန်တွေထဲမှာ မက်ဆာချူးဆက်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က ဦးဆောင်နေတယ်လို့ဆိုပါတယ်။

သူ့နောက်မှာ ကပ်ပြီးလိုက်နေတာက တက္ကဆက်ပြည်နယ်ရဲ့လွှတ်တော်ကိုယ်စားလှယ် Ron Paulနဲ့ ပင်ဆလ်ဗေးနီးယားပြည်နယ်က အထက်လွှတ်တော်ကိုယ်စားလှယ်ဟောင်း Rick Santorum တို့ဖြစ်ပါတယ်။ သူတို့တွေအချင်းချင်း တယောက်ကို တယောက် ဝေဖန်မှုတွေ ရက်အတော်ကြာလုပ်ခဲ့ကြပြီးတဲ့နောက်ပိုင်းမှာ မနေ့တုန်းကတော့ ဒီမိုကရက်ပါတီဝင်ဖြစ်တဲ့ သမ္မတအိုဘားမားကို အာရုံစိုက်ပြီး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

Mitt Romney က သမ္မတအိုဘားမားလက်ထက် စီးပွားရေး အခြေအနေတွေကိုဝေဖန်ခဲ့ပြီး Rick Santorum ကတော့ စီးပွားရေးလုပ်ငန်း အတွက် ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားရဲ့အုပ်ချုပ်စီမံမှုတွေကို ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။

XS
SM
MD
LG