သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တရုတ်ထိပ်တန်းအရာရှိတွေနဲ့ဆွေးနွေး


လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တရုတ်ထိပ်တန်းအရာရှိတွေနဲ့ဆွေးနွေး
လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell တရုတ်ထိပ်တန်းအရာရှိတွေနဲ့ဆွေးနွေး

အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကပ်၊ ကမ့်ဘဲလ်( Kurt Campbell) တရုတ်နိုင်ငံက အဆင့်မြင့်အရာရှိတွေနဲ့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ်ကွယ်လွန်ပြီးတဲ့နောက်ပိုင်း ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှုတွေ ရရှိဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောဆိုဆွေးနွေးကြတာပါ။

မြောက်ကိုရီးယားနဲ့ပတ်သက်ပြီးတော့ တရုတ်နဲ့အမေရိကန်ကြားမှာရှိတဲ့ တူညီတဲ့ဦးစားပေးကိစ္စတချို့ အကြောင်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေနဲ့ တွေ့ဆုံပြောဆိုခဲ့တာလို့ ကပ်၊ ကမ့်ဘဲလ်က ဆိုပါတယ်။

အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံအားလုံးအနေနဲ့ အခြေအနေတွေကို သတိထားပြီးတော့ ဆက်ဆံကြဖို့၊ ရန်စမှုတွေထပ်ပြီးတော့ ဖြစ်မလာအောင်သတိထားကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ တရုတ်နဲ့ မြောက်ကိုရီးယားရဲ့ နီးကပ်တဲ့ဆက်ဆံရေးမှာ မြောက်ကိုရီးယားနိုင်ငံကို ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် တရုတ်ဘက်က တွန်းအားပေးလုပ်ဆောင်ဖို့ တရုတ်နိုင်ငံကို အမေရိကန်ဘက်ကနေ မကြာခဏတိုက်တွန်းနေတာပါ။

ဒီဇင်ဘာလ ၁၇ ရက်နေ့က မစ္စတာ ကင်မ်ဂျုံအီးလ်ကွယ်လွန်ပြီးတဲ့နောက်ပိုင်း အာရှ-အရှေ့မြောက် ပိုင်းကို မစ္စတာ ကပ်၊ ကမ့်ဘလဲလ်က အမေရိကန်ဘက်က အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်တဦးအနေနဲ့ ပထမဦးဆုံး ရောက်လာခဲ့တာပါ။ တောင်ကိုရီးယားနဲ့ဂျပန်နိုင်ငံကိုလည်း မစ္စတာ ကပ်၊ ကမ့်ဘဲလ် ခရီးထွက်မှာဖြစ်ပြီးတော့ သူ့ရဲ့ခရီးစဉ်အတွင်းမှာ မြန်မာ့အရေးကိုလည်း ထည့်သွင်းပြောဆိုဖို့ ရှိပါတယ်။

XS
SM
MD
LG