သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်အိုဝါရွေးကောက်ပွဲ Mitt Romney ကပ်ပြီးနိုင်

အိုင်အိုဝါရွေးကောက်ပွဲ Mitt Romney ကပ်ပြီးနိုင်
အိုင်အိုဝါရွေးကောက်ပွဲ Mitt Romney ကပ်ပြီးနိုင်

ဒီနှစ်နိုဝင်ဘာလမှာကျင်းပမယ့် အမေရိကန်ပြည်ထောင်စုက သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီဘက်က သမ္မတလောင်းအဖြစ် ဝင်ပြိုင်ဖို့ အိုင်အိုဝါပြည်နယ်မှာ မနေ့က မဲပေးရွေးချယ်ခဲ့တဲ့အခါ မက်ဆာချူးဆက်စ်ပြည်နယ်၊ အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney က အနိုင်ရခဲ့ပါတယ်။

သူနဲ့ပြိုင်ဘက် Rick Santorumကို မဲအနည်းငယ်နဲ့ကပ်ပြီး အနိုင်ရခဲ့တာပါ။ အခုတလော လူကြိုက်များနေတဲ့ Rick Santorum ကို ထိပ်ဆုံးမှာ အမြဲရှိနေတဲ့ Mitt Romney က ၈ မဲအသာနဲ့ အနိုင်ရသွားခဲ့တယ်လို့ ရီပတ်ဘလစ်ကန်ပါတီက ဒီကနေ့ ကြေညာပါတယ်။

Mitt Romney က မဲ ၃၀,၀၁၅ ရပြီး Rick Santorumက ၃၀,၀၀၇ မဲရခဲ့တာပါ။ နောက်ထပ်ပြိုင်ဘက် တဦးဖြစ်တဲ့ စစ်ဆန့်ကျင်ရေးသမား Ron Paul ကတော့ မဲတွေရဲ့ ၂၁ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။ Mitt Romney က သူ့ရဲ့အဓိကပြိုင်ဘက် Rick Santorum ကို ဂုဏ်ယူတယ်လို့ ဒီကနေ့ ပြောဆိုလိုက်ပြီး အိုင်အိုဝါပြည်နယ်က မဲပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်စကားပြောပါတယ်။

အိုင်အိုဝါပြည်နယ်ရဲ့မြို့တော် ဒီမွိုင်းစ်မှာပြောခဲ့တဲ့ Mitt Romney ရဲ့မိန့်ခွန်းထဲမှာ သူ့ရဲ့စီးပွားရေးလုပ်ငန်း အတွေ့အကြုံတွေကို အဓိကထား ပြောဆိုခဲ့ပြီး လက်ရှိသမ္မတ ဘာရက်၊ အိုဘားမားရဲ့ အလုပ်အကိုင်တွေပြန်ရရေး ကြိုးပမ်းမှုတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။

This item is part of
XS
SM
MD
LG