သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ရေးအတွက် စစ်တပ်ထောက်ခံမှုအရေးကြီး


ပြုပြင်ရေးအတွက် စစ်တပ်ထောက်ခံမှုအရေးကြီး
ပြုပြင်ရေးအတွက် စစ်တပ်ထောက်ခံမှုအရေးကြီး

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပေမဲ့ အဟန့်အတားတွေ ကြုံရမှာကိုလည်း စိုးရိမ်မိတဲ့အကြောင်း ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အကောင်းဘက်ကို ဦးတည်တဲ့ တိုးတက်မှုတွေ ထွက်ပေါ်လာနေပေမဲ့ ဒီမိုကရေစီကို ဦးတည်တဲ့လုပ်ငန်းတွေဟာ နှေးကွေးနေဆဲဖြစ်သလို ဒီလမ်းကြောင်းကို အဟန့်အတားမရှိ ဆက်လက် လျှောက်လှမ်းနိုင်လိမ့်မယ်လို့ အတိအကျ မဆိုနိုင်သေးတဲ့အကြောင်း အေပီသတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားတာပါ။

တိုင်းပြည်မှာ တွေ့မြင်နေရတဲ့ အပြောင်းအလဲတွေကို စစ်တပ်ထဲက ဘယ်လောက်အထိ ထောက်ခံမှု ရှိသလဲဆိုတဲ့အပေါ်မှာ စိတ်ပူမိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီမိုကရေစီကို ဦးတည်တဲ့လမ်းပေါ်က အန္တာရာယ်တွေကို သတိထားရမှာဖြစ်ပေမဲ့ မျှော်လင့်ချက်တွေကိုလည်း မစွန့်လွှတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကသူ့ကို ထောက်ခံသူတွေကို တိုက်တွန်းခဲ့တာပါ။ ဒီနှစ်ဟာဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဦးတည်စေတဲ့ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဘယ်လောက်အထိ တွေ့ရမလဲဆိုတာကို အတိအကျ သိနိုင်မယ့် နှစ်တနှစ်အဖြစ်နဲ့လည်း ရည်ညွှန်း ပြောဆိုသွားပါတယ်။

နိုင်ငံရေးအပြောင်းအလဲတွေ လုပ်ဆောင်ပါ့မယ်လို့ ကတိပြုထားတဲ့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတဝန်း အကျဉ်းထောင်တွေထဲ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့လည်း လိုတယ်လို့ ပြည်တွင်းပြည်ပက တိုက်တွန်းနေကြတာပါ။

ဒါပေမဲ့လည်း ဒီတပတ်ထဲ သမ္မတရဲ့အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာတော့ နိုင်ငံရေး အကျဉ်းသား မဆိုသလောက်သာ ပါဝင်ခဲ့တာမို့ အများက စိတ်ပျက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG