သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဘာရက်ကို သေဒဏ်ပေးဖို့ အစိုးရရှေ့နေ တောင်းဆို


မူဘာရက်ကို သေဒဏ်ပေးဖို့ အစိုးရရှေ့နေ တောင်းဆို
မူဘာရက်ကို သေဒဏ်ပေးဖို့ အစိုးရရှေ့နေ တောင်းဆို

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း ဟော်စနီမူဘာရက်ခ်နဲ့ သူ့ရဲ့ သား ၂ ဦးကို သေဒဏ်ချမှတ်ဖို့ သူ့ကိုတရားရုံးတင်စစ်ဆေးနေတဲ့ တရားခွင်ရဲ့ အစိုးရရှေ့နေက ပြောပါတယ်။

ကိုင်ရိုမြို့တော်မှာ ကြာသာပတေးနေ့မှာ ပြုလုပ်တဲ့ တရားရုံးကြားနာမှုအတွင်းမှာ ရှေ့နေ မွတ်စတာဖာ ဆူလေမန်က အခုလိုတောင်းဆိုသွားတာပါ။

မစ္စတာ မူဘာရက်ခ်ကို အဂတိလိုက်စားမှု၊ မနှစ်က သူ့ကို အာဏာကဖြုတ်ချဖို့ လူထုအုံကြွမှုမှာ အစိုးရဆန့်ကျင်သူ ရာပေါင်းများစွာ သေဆုံးရမှုတွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။ မစ္စတာမူဘာရက်ခ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG