သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ဗုံးကွဲမှု လူ ၁၀၀ နီးပါး သေဆုံး


အီရတ်ဗုံးကွဲမှု လူ ၁၀၀ နီးပါး သေဆုံး
အီရတ်ဗုံးကွဲမှု လူ ၁၀၀ နီးပါး သေဆုံး

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်နဲ့ နိုင်ငံ့တောင်ပိုင်းက ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူ ၇၅ ဦး ထက်မနည်း သေဆုံးပြီးတော့ လူ ၁၃၀ ကျော်ဒဏ်ရာရသွားတယ်လို့ အီရတ်အရာရှိတွေက ပြောပါတယ်။

အပြင်းထန်ဆုံး တိုက်ခိုက်မှုကတော့ နိုင်ငံတောင်ပိုင်း နာဆီရီရာမြို့မှာ လူ ၃၀ သေဆုံးတဲ့ ဘုရားဖူးတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်ပါတယ်။ အစောပိုင်းကလည်း ဆာဒ်အားမြို့ရဲ့ မြောက်ပိုင်းမှာ ပေါက်ကွဲမှုတွေ ဖြစ်ပါတယ်။ အလုပ်ရဖို့ စုဝေးစောင့်စားနေတဲ့ အလုပ်သမားတွေအနား မော်တော်ဆိုက်ကယ်မှာ တပ်ထားတဲ့ ဗုံး ကွဲပြီးတော့ မကြာခင်မှာလည်း လမ်းဘေးထောင် ဗုံးတလုံး ထပ်ပေါက်ကွဲပါတယ်။ ဒီပေါက်ကွဲမှုကြောင့် လူ ၁၂ ဦး သေဆုံးသွားရပါတယ်။

ဘဂ္ဂဒက်မြို့တော် မြောက်ပိုင်းက ရှိအာ မွတ်ဆလင်တွေ နေထိုင်တဲ့ ကာဆီမီယာအရပ်မှာလည်း ကားဗုံးနှစ်လုံးပေါက်ကွဲပြီးတော့ လူ ၁၅ ဦး သေဆုံးခဲ့ရပါတယ်။ ဘဂ္ဂဒက်မြို့တော်တလွှားမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီးတော့ လူ ၆၉ ဦး သေဆုံးခဲ့ရပြီးတဲ့နောက် သတင်းနှစ်ပတ်အကြာမှာ ဒီကနေ့ ထပ်ပြီး ပေါက်ကွဲမှုတွေဖြစ်တာပါ။

အီရတ်နိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေ ပိုများပြားလာတဲ့ကြားက အမေရိကန်တပ်တွေ အကုန် ရုပ်သိမ်းသွားပြီးတဲ့နောက် အခုလို တိုက်ခိုက်ခံရမှုတွေ ဖြစ်ပွားနေတာပါ။

XS
SM
MD
LG