သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-ပစိဖိတ်မှာ အမေရိကန်စစ်တပ်ပိုထားမည်


A cloud of volcanic ash shoots up to the sky as Mayon volcano, one of the Philippines' most active volcanoes, erupts after daybreak, viewed from Legazpi City.

ဒေါ်လာသန်းပေါင်း ထောင်ချီ ဖြတ်တောက်မယ့် ကာကွယ်ရေး အသုံးစရိတ် အစီအစဉ်သစ်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ချပြလိုက်ပြီး ဆယ်စုနှစ်တခုကြာ စစ်ပွဲတွေအပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဆောင်ရွက်ချက်အဖြစ်နဲ့လည်း ရည်ညွှန်း ပြောဆိုလိုက်ပါတယ်။

မဟာဗျူဟာမြောက် အစီအစဉ်ကိုတော့ သမ္မတက ပင်တဂွန် စစ်ဌာနချုပ်မှာ ကြာသပတေးနေ့ကပဲ ရှင်းပြလိုက်တာပါ။ ကာကွယ်ရေးဝန်ကြီး Leon Panetta ပူးတွဲစစ်ဦးစီးချုပ်များရဲ့ဥက္ကဋ္ဌ Martin Dempsey တို့နဲ့အတူ စစ်ဌာနချုပ်မှာ ကာကွယ်ရေး အစီအစဉ်တွေကို ရှင်းပြရာမှာတော့ မူဝါဒသစ်မှာ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို အာရုံစိုက်သွားမှာ ဖြစ်တဲ့အကြောင်း သမ္မတက ပြောခဲ့တာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံကို ရောက်စဉ်တုန်းက ပြောခဲ့သလို အာရှနဲ့ပစိဖိတ်ဒေသမှာ ရှိနေတဲ့ အမေရိကန်ရဲ့ အင်အားကို ပိုမိုအားကောင်းအောင် ဆောင်ရွက်မှာဖြစ်ပြီး ဘဏ္ဍာရေး အသုံးစရိတ် ဖြတ်တောက် မှုတွေရှိမှာဖြစ်ပေမယ့် ဒီလို အရေးကြီးတဲ့ဒေသကိုတော့ ထိခိုက်လို့ မဖြစ်နိုင်ဘူးလို့လည်း ပြောလိုက်တာပါ။ ဒီအစီအစဉ်ဟာ ဒေသတွင်းမှာ အဓိက မြေပြင်စစ်ပွဲကြီး ၂ ခုအတွက် ပြင်ဆင် ထားရမယ့် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ဆယ်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ မဟာဗျူဟာကနေ အနည်းငယ် ပြောင်းလဲလိုက်တာ လည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်အနေနဲ့ တခြား ရန်သူအများအပြားနဲ့ ရင်ဆိုင်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားမှာ ဖြစ်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး Panetta ကပြောသွားပါတယ်။

XS
SM
MD
LG