သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြလို့ဖမ်းထားတဲ့ လူ ၅၀၀ ကျော် ဆီးရီးယားလွှတ်


Indian village girls carry water in pitchers on their heads at Juval village, about 40 kilometers from Ahmadabad, India. Water scarcity in the scorching summer is a common sight in villages in India.

အစိုးရ ဆန့်ကျင်ဆန္ဒပြမူနဲ့ ဖမ်းဆီးထားတဲ့ ၅၀၀ ကျော်ကို ပြန်ပြီးလွှတ်ပေးခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောကြားလိုက်ပေမယ့် အာဏာရှင်အစိုးရဟာ နှိပ်စက်ညှင်းပမ်းတာနဲ့ သတ်ဖြတ်မှုတွေကို လုပ်နေသလို လူထုအုံကြွမှု စခဲ့တဲ့ မတ်လကစပြီး အဖမ်းခံခဲ့ရသူ အရေအတွက်ဟာ ပိုပြီး များလာတယ်လို့ အတိုက်အခံအဖွဲ့ကပြောပါတယ်။

အခုပြန်လွှတ်ပေးလိုက်သူတွေဟာ “ဆီးရီးယားပြည်သူတွေကို သတ်ဖြတ်တယ်” လို့ သမ္မတ Bashar al-Assad အစိုးရ သတ်မှတ်ထားတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေ မဟုတ်ဘူးလို့ ဆီးရီးယား အစိုးရရုပ်သံက ကြာသပတေးနေ့က ကြေညာပါတယ်။

ဒါပေမယ့် တချိန်တည်းမှာပဲ တက်ကြွလှုပ်ရှားတဲ့ Avaaz အဗက်ဇ် အဖွဲ့ကတော့ အာဆတ်ဒ် အစိုးရဟာ သတ်ဖြတ်မှုနည်းဗျူဟာတွေသုံးပြီး နှိပ်စက်ညှင်းပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

အထူးသဖြင့် လူတွေကြပ်ညပ်နေတဲ့ အကျဉ်းထောင်တွေ၊ တရားမ၀င်ဖွင့်ထားတဲ့ ထိန်းသိမ်းရေး စခန်းတွေမှာဆိုရင် ဆီးရီးယားအစိုးရ ဆန့်ကျင်မှုတွေ စတင်ဖြိုခွင်းခဲ့ချိန်ကစပြီး သေဆုံးရသူ စုစုပေါင်း ၆၁၇ ဦး ရှိနေတယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံမှာ ဖြစ်ပွားတဲ့ လူထုအုံကြွမှုကြောင့် သေဆုံးရသူ အရေအတွက်ဟာ ၇ ထောင်လောက်ရှိနေပြီလို့ Avaaz အဗက်ဇ် အဖွဲ့က ပြောပါတယ်။ ကုလသမဂ္ဂကတော့ သေဆုံးသူအရေအတွက် ၅ထောင်ရှိပြီလို့ ဆိုပါတယ်။

ဆီးရီးယား အာဏာရှင်အစိုးရရဲ့ ညှင်းပမ်းနှိပ်စက်တဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကိစ္စဟာ အာရပ်အဖွဲ့ချုပ်က စေလွှတ်ထားတဲ့ စုံစမ်းစစ်ဆေးရေးမှုးတွေအတွက် စိန်ခေါ်နေတဲ့ ပြဿနာ ဖြစ်နေသလို ဆန့်ကျင်ဆန္ဒပြသူတွေ ကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမှုတွေ အဆုံးသတ်သွားစေမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG