သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယငတ်မွတ်ခေါင်းပါးမှု နိုင်ငံအတွက် ရှက်ဖွယ်


အိန္ဒိယငတ်မွတ်ခေါင်းပါးမှု နိုင်ငံအတွက် ရှက်ဖွယ်
အိန္ဒိယငတ်မွတ်ခေါင်းပါးမှု နိုင်ငံအတွက် ရှက်ဖွယ်

အိန္ဒိယနိုင်ငံမှာ အာဟာရချို့တဲ့-တဲ့ နှုန်းတားမြင့်မားနေတာဟာ နိုင်ငံအတွက် အရှက်ရစရာဖြစ်နေပြီး အဲဒီထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ်တွေထဲက ၄၂ % ဟာ ပေါင်မပြည့်တဲ့ ကလေးတွေ ဖြစ်နေတယ်လို့ အိန္ဒိယဝန်ကြီးချုပ် မဲန်မိုဟန်ဆင်းဂ်က ပြောလိုက်ပါတယ်။

အိန္ဒိယနိုင်ငံတဝှန်း ပြည်နယ် ၉ ခုမှာရှိတဲ့ အိမ်ထောင်စုပေါင်း ၇ သောင်း ၃ ထောင်မှာ ငတ်မွတ်မှုနဲ့ အာဟာရချို့တဲ့မှုဆိုင်ရာ စစ်တမ်း ကောက်ယူထားတဲ့ တွေ့ရှိချက်တွေကို မစ္စတာဆင်းဂ်က အင်္ဂါနေ့မှာ ထုတ်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီစစ်တမ်းကောက်ယူချက်အရ အသက် ၅ နှစ်အောက် ကလေးငယ် ၆၀ % နီးပါးဟာ မိခင်ဖြစ်သူ ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရ ချို့တဲ့ခဲ့တဲ့ဒဏ်ကြောင့်ဖြစ်စေ၊ မွေးခါစကလေးအရွယ်မှာ အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်စေ၊ ကိုယ်ခန္ဓာကြီးထွားမှုနှုန်း နှေးကွေးကျုံလှီနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီတွေ့ရှိချက်ဟာ အလွန်စိတ်ပူစရာကောင်းသလို နောက် ဒါမျိုး မဖြစ်ရအောင် လုပ်ဆောင်ဖို့ တွန်းအား ပေးတာမျိုးလည်း ဖြစ်နေတယ် လို့လည်း ဆိုပါတယ်။ စစ်တမ်းမှာ အာဟာရချို့တဲ့မှုဆိုင်ရာ ပျံ့နှံ့မှုမှာ ကျဆင်းနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၇ နှစ်အတွင်း တနှစ်ကို ၃ % လောက်ပဲ ကျဆင်းတာမို့ ကျဆင်းမှုနှုန်းနှေးကွေးနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ စီးပွားရေးကြီးထားမှု တဟုတ်ထိုးတက်လာခဲ့ပေမယ့် ၂၀၁၀ နိုင်ငံတကာ ငတ်မွတ် ခေါင်းပါးမှု ညွှန်းကိန်းဟာ နိုင်ငံပေါင်း ၈၄ နိုင်ငံကြားမှာ အဆင့် ၆၇ ရှိနေပြီး အာဖရိက ဆာဟာရအနောက်ခြမ်းနိုင်ငံအများအပြားရဲ့ နောက်မှာ ကျန်ရစ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG